iMyanmarHouse.com - Best Property Website for Myanmar
×










 ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျူလီယာ ရောဘတ်က  ၎င်း၏တူမ အမ်မာရောဘတ်အတွက်  စိတ်ပူသည် ဟု Allure မဂ္ဂဇင်းအား   ပြော သည်။

အသက် (၂၄)နှစ် အရွယ် သရုပ်ဆောင်မင်းသမီး အမ်မာ ရောဘတ်သည် ဂျူလီယာရော ဘတ်အစ်ကို၏သမီးဖြစ်သည်။ မကြာသေးမီနှစ်များက   Am−erican Horror Story သရုပ် ဆောင်မင်းသမီး   အမ်မာရော ဘတ်သည် ချစ်သူ အီဗန်ပီတာ အပေါ် အိမ်တွင်းအကြမ်းဖက်မှု ဖြင့် ရဲစခန်း၌ ယာယီထိန်းသိမ်းခံ ခဲ့ရသူဖြစ်သည်။

‘‘အမ်မာက အရမ်းချစ်စရာ ကောင်းတယ်။ ကျွန်မတို့တွေ အချိန်အတော်ကြာအတူတူရှိဖူး တယ်။ အမ်မာဟာ ထူးခြားတဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်ခါတလေတော့ သူ့အတွက် စိတ်ပူမိတယ်။ ကျွန်မဘာသာ ကျွန်မ မေးလိုက်မိတယ်။ ငါဘာ တွေစိတ်ပူနေတာလဲ။ သူက ကြံ့ ခိုင်တဲ့မိန်းကလေးတစ်ယောက်ပဲ ဆိုပြီး ပြန်ဖြေသိမ့်လိုက်ပါတယ်’’ ဟု ဂျူလီယာရောဘတ်က Allure မဂ္ဂဇင်းအားပြောကြားသည်။

အမ်မာရောဘတ်သည် စက်တင်ဘာ ၂၂ ရက်တွင် ထုတ် လွှင့်ပြသမည့် Scream Queens ရုပ်သံဇာတ်လမ်းတွဲ၌ ခေါင်း ဆောင်မင်းသမီးနေရာက ပါဝင် သရုပ်ဆောင်ထားသည်ဟု သိရ သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top