iMyanmarHouse.com - Best Property Website for Myanmar
×











ဗြိတိန်နိုင်ငံက အမျိုးသမီး ၁၀၀၀ လောက်ကို မေးမြန်းခဲ့တဲ့ စစ်တမ်းအရ ၅၀ ရာခိုင်နူန်းလောက်ဟာ သူတို့မှာ ရှိတဲ့ မတော်တော့တဲ့ အ၀တ်အစားတွေကို စွန့်ပစ်ဖို့ ၀န်လေးနေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူတို့သာ ကိုယ်အလေးချိန်ကျအောင် ပြန်လုပ်နိုင်မယ်ဆိုရင် အ၀တ်ဟောင်းတွေ ပြန်ဝတ်လို့ ရမယ်လို့ မျှော်လင့်နေတာကြောင့် ဖြစ်ပါတယ်။

စစ်တမ်းကောက်ခံရာမှာ အဲဒီအမျိုးသမီးတွေထဲက တ၀က်ကျော်လောက် ဟာ အ၀တ်အစားသစ်ဝယ်ဖို့ တစ်နှစ်ကို ပေါင် ၃၆၀ လောက် သုံးစွဲတယ်လို့ ဆိုပါတယ်။ အမျိုးသမီး သုံးပုံတပုံ လောက်က အ၀တ်ဗီဒိုထဲက သူတို့အ၀တ်တွေကို ငြီးငွေ့နေတယ်လို့ ဖြေဆိုခဲ့ကြပြီး ၂၃ ရာခိုင်နူန်းလောက်ကတော့ သူတို့မှာ ၀တ်စရာအ၀တ်အစား မရှိဘူးလို့ ထင်နေကြပါတယ်။ ခြောက်ရာခိုင်နူန်းလောက်က သူတို့ဟာ အ၀တ်အစား ဝယ်ရတာကို စွဲလန်းနေကြောင်း ၀န်ခံခဲ့ပြီး ၄၄ ရာခိုင်နူန်းလောက်က သူတို့မှာ မ၀တ်ဖြစ်တဲ့ အ၀တ်အစားတွေ ရှိနေတယ်လို့ ၀န်ခံခဲ့ပါတယ်။

၄၂ ရာခိုင်နူန်းလောက်က ဝိတ်ကျသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အ၀တ်ဟောင်းတွေကို သိမ်းထားတာလို့ ဆိုခဲ့ပြီး ခြောက်ယောက်မှာ တစ်ယောက်က ဝိတ်ကျသွားခဲ့မယ်ဆိုရင် ကိုယ်ကိုယ်ကိုယ် ဂုဏ်ပြုတဲ့အနေနဲ့ အ၀တ်အစားသစ် ဝယ်ဖို့ ရည်မှန်းထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ၄ဝ ရာခိုင်နူန်းလောက်ကတော့ အ၀တ်ဟောင်းတွေကို မပစ်ရက်တာဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Credit : Planetmyanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top