iMyanmarHouse.com - Best Property Website for Myanmar
×











စီးကရက် ပုံမှန်သောက်သုံးသူတွေဟာ သူတို့ရဲ့ သွားတွေကို ဆုံးရှုံးရဖို့ အခွင့်အရေး များစေနိုင်တယ်လို့ သုတေသီတွေက လေ့လာမှု အသစ်တစ်ခု အရ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးကရက်တွေဟာ သွားဖုံး တွေရဲ့ ပျက်စီးနေတဲ့ ပကတိ အခြေအနေကို ဖုံးကွယ်ထားပြီး သွားတွေကို ရှိရင်း အနေအထား ထက် ပိုမို ကျန်းမာနေတဲ့ အသွင် ဖန်တီးပေးထားလို့ပါ။

သုတေသီတွေရဲ့ ပြောကြားချက်အရတော့ သွားဖုံး ရောဂါ တွေနဲ့ သွားများပျက်စီးခြင်း တွေဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး သက်ရောက်မှု တွေဖြစ်ပြီး ဆေးလိပ် ကို စွဲလန်းစွာ အမြဲတစေ သောက်သုံးသူတွေဟာ သာမန်အတိုင်းသောက်သုံးသူ တွေထက် ပိုပြီး သွားတွေပျက်စီးဖို့ အခွင့်အရေးပိုများပါတယ်။

ဆေးလိပ် မသောက်တတ်သူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဆေးလိပ် သောက်တတ်တဲ့ အမျိုးသားတွေကဟာ ၃ ဆ ပိုမိုပြီး သွားတွေ ပျက်စီးနိုင်ခြေ များသလို အမျိုးသမီး တွေဟာလည်း ၂ ဆ ပိုမို ပြီး သွားတွေ ပျက်စီးနိုင်ခြေ ရှိပါတယ်။

ဒါ့အပြင် ဘာမင်ဂမ် တက္ကသိုလ် က ပါမောက္ခ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Thomas Dietrich က သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားထားတာ ကတော့ ဆေးလိပ်ဖြတ်လိုက်ခြင်း ဟာ သွားတွေ ပျက်စီးဆုံးရှုံးနိုင်ချေ ကို လျော့ကျသွားစေသလို ဆေးလိပ်ဖြတ်လိုက်သူဟာ ဆေးလိပ် မသောက်တတ်သူတွေလိုပဲ တူညီတဲ့ ကောင်းကျိုးတွေရနိုင်တယ်လို့ ရေးသားထားပါတယ်။

သုတေသီတွေဟာ ကင်ဆာနဲ့ အာဟာရ ဆိုင်ရာ စစ်ဆေးမှု မှာပါဝင်ခဲ့တဲ့ လူဦးရေ ၂၃၃၇၆ ယောက် ရဲ့ ဒေတာ အချက်အလက်တွေကို ၁၉၉၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း စုဆောင်းထားခဲ့ပါတယ်။ အဲဒီအခါမှာ တစ်နေ့ကို ဆေးလိပ် ၁၅ လိပ်နဲ့ အထက် သောက်သုံးသူတွေဟာ အသက် ၅၀ အောက် အမျိုးသားတွေကို ၃.၆ ဆ သွားတွေပျက်စီးနိုင်ချေများစေပြီး အမျိုးသမီးတွေ ၂.၅ ဆ ပိုမို ပျက်စီးစေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top