iMyanmarHouse.com - Best Property Website for Myanmar
×










မိခင်နို့ ချိုတိုက်ကျွေးခြင်းဟာ အထီးကျန် စိတ်ဝေဒနာရောဂါ ဗီဇပါလာတဲ့ ကလေးငယ်တွေရဲ့ လူမှုဆက်ဆံရေး အမူအကျင့်တွေကို တိုးတက်စေနိုင်ကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

မိခင်နို့ မှာ ပါဝင်တဲ့ ‘ချစ်ခြင်းမေတ္တာဟော်မုန်း’ လို့ တင်စားထားတဲ့ oxytocin အောက်စီတိုစင် ဟော်မုန်းက တပါးသူကို ယုံကြည်စိတ်ချမှုနဲ့ မိမိကိုယ်ကိုယုံကြည်ချက်ရှိမှုတို့ ကို မြှင့်တင်ပေးပြီး အကြောက်တရားကို လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ခုနှစ်လသားအရွယ်ရှိတဲ့ ကလေးငယ်ပေါင်း ၉၈ ယောက်ကို ပျော်ရွှင်နေတဲ့မျက်နှာ၊ စိတ်ဆိုးဒေါသထွက်နေတဲ့မျက်နှာနဲ့ ကြောက်စရာမျက်နှာရုပ်ပုံတွေကို ပြသခဲ့ပြီး ကလေးငယ်တွေက ဒီပုံတွေကို ဘယ်လောက်ကြာကြာ စိုက်ကြည့်လဲ ဆိုတာကို လေ့လာခဲ့ပါတယ်။

မိခင်နို့ အချိန်အကြာစို့ ခဲ့ရတဲ့ ကလေးငယ်တွေဟာ အချိန်ခဏတာ စို့ ခဲ့ရတဲ့ ကလေးငယ်တွေထက် ပျော်ရွှင်နေတဲ့ မျက်နှာရုပ်ပုံတွေကို ပိုစိုက်ကြည့်ခဲ့ပြီး စိတ်ဆိုးဒေါသထွက်နေတဲ့ မျက်နှာတွေကိုတော့ ကြောက်လန့် တကြား လွှဲရှောင်ခဲ့တာကို တွေ့ ရှိခဲ့ရပါတယ်။

တစ်ပါးသူရဲ့စိတ်ခံစားချက်ကို သိရှိနိုင်ခြင်းက လူမှုဆက်ဆံရေးရဲ့အဓိကအရည်အချင်းတစ်ခုဖြစ်ပြီး အထီးကျန် စိတ်ဝေဒနာခံစားရတဲ့ကလေးငယ်တွေဟာ တခြားသူရဲ့စိတ်ခံစားချက်ကို ဖတ်ဖို့ မလွယ်ကူကာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ ခဲယဉ်းကြောင်းသိရှိရပါတယ်။

မိခင်နို့ ချိုတိုက်ကျွေးခြင်းကြောင့် အောက်စီတိုစင်ဟော်မုန်းကို ရရှိစေသလို နို့ တိုက်တဲ့အခါ မိခင်နဲ့ ပူးကပ်နီးစပ်စွာနေရမှုကြောင့် ကလေးငယ်ဟာ လုံခြုံစိတ်ချမှုကို ပိုမိုခံစားရတယ်လို့ ဆိုပါတယ်။ ဒီ့အပြင် မိခင်နို့ ဟာ ကလေးငယ်ရဲ့ဥာဏ်ရည်ဥာဏ်သွေးကိုပါ မြှင့်တင်ပေးနိုင်ပြီး အ၀လွန်မှုနဲ့ ကင်ဆာ ဖြစ်နိုင်ခြေတို့ ကိုပါ လျော့ကျစေနိုင်ကြောင်း တွေ့ ရှိထားပြီးဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top