iMyanmarHouse.com - Best Property Website for Myanmar
×














မြေထဲပင်လယ်အစားအစာတွေဟာ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ကျရောဂါတို့ ကို ကာကွယ်တားဆီးပေးနိုင်ပြီး ကျန်းမာအသက်ရှည်တဲ့ ဘ၀ရဲ့ လှို့ဝှက်ချက် အစားအစာတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

အခုအခါမှာ၊ သံလွင်ဆီစစ်စစ် ရွှဲရွှဲဆမ်းထားတဲ့ မြေထဲပင်လယ်စာတွေဟာ ရင်သားကင်ဆာကိုပါ ကာကွယ်ပေးနိုင်ကြောင်း တွေ့ ရှိခဲ့ပါတယ်။ မြေထဲ ပင်လယ်စာ ဆိုတာ အပင်ကရတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊အစေ့အဆံတွေ၊ အသီး၊ ပဲသီးပဲစေ့၊ သံလွင်ဆီများများ၊ ငါးနဲ့ ဝိုင်နီတို့ ပါဝင်ပါတယ်။ မြေထဲပင်လယ်စာတွေဟာ ပြုပြင်ထုတ်လုပ်ထားတဲ့အစားအစာ၊ အသား၊ အချိုနဲ့ ချောကလက်တို့ အနည်းအကျဉ်းသာ ပါဝင်တာမို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်သလို နှလုံးနှင့်သွေးလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်မှုကြောင့် နာမည်ကျော်တဲ့ အစားအစာဖြစ်ပါတယ်။

လေ့လာသူတွေဟာ အသက် ၆၀ ကနေ ၈၀ နှစ်အတွင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေ အလွန်မြင့်မားနေတဲ့ အမျိုးသမီးပေါင်း ၄၂၈၂ ဦးကို ဒီလေ့လာမှုမှာ ပါဝင်ဖို့ စည်းရုံးခဲ့ပါတယ်။ထို့ နောက် သူတို့ ကို သံလွင်ဆီအများအပြားဖြည့်စွက်ထားတဲ့မြေထဲပင်လယ်စာ၊ အခွံမာသီးအများအပြား ပါဝင်တဲ့မြေထဲပင်လယ်စာ နဲ အဆီလျော့ထားတဲ့ရိုးရိုးဓာတ်စာတို့ ကို အုပ်စုခွဲခြားကာ စားသုံးစေခဲ့ပါတယ်။သံလွင်ဆီ အများအပြား ပါဝင်တဲ့မြေထဲပင်လယ်စာကိုစားသုံးသူအမျိုးသမီးတွေဟာ အဆီနည်းတဲ့ ရိုးရိုးဓာတ်စာ စားသုံးသူအမျိုးသမီးတွေထက် ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေ ၆၈ ရာခိုင်နှုန်း အထိ လျော့ကျသွား တာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

အခွံမာသီးပါဝင်တဲ့မြေထဲပင်လယ်စာ စားသုံးတဲ့ အမျိုးသမီးတွေကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းပါးပေမယ့်လည်း သာမန်ဓာတ်စာစားတဲ့အမျိုးသမီး တွေနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်တာကို တွေ့ ရှိခဲ့ရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top