iMyanmarHouse.com - Best Property Website for Myanmar
×










ရုံးဝတ်စုံယူနီဖောင်းကို ကော့နေအောင် လှလှပပဝတ်ထား သော  ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ်၊ အစိုးရရုံးပေါ်က    ခံ့ခံ့ညားညားအရာရှိကြီးကိုပဲဖြစ်ဖြစ်၊ ဟိုတယ်ကြီးကလခကောင်းကောင်း မန်နေဂျာဝန်ထမ်းများပဲဖြစ်ဖြစ် တစေ့တစောင်း လေ့လာအကဲခတ်ကြည့်ပါ။ သူတို့၏နေ့စဉ်လုပ်ငန်းခွင်ကို စေ့ငုကြည့်ပါ။ သူတို့လုပ်ငန်းခွင်မှာ မည်သည့် နေရာက အခက်ခဲဆုံးစိတ်အပင်ပန်းဆုံးလဲဟုမေးကြည့်ပါ။ သူတို့အားလုံးက နေ့စဉ်လုပ်ကိုင်နေရသောအလုပ်က စိတ်အပင်ပန်း ဆုံးပါဟုပြောကြမည်မဟုတ်။ အလုပ်ထက် လုပ်ငန်းခွင်ထဲက ပုံစံအမျိုးမျိုး၊ စရိုက်အမျိုးမျိုးနှင့် မတစ်ရာသားများကို ပေါင်းသင်းဆက်ဆံရတာ စိတ်ဖိစီးမှုအများဆုံးဟုဖြေကြပါလိမ့်မည်။

‘‘အလုပ်က ကန်တော်ကြီး နားက ကွန်ဒိုတစ်ခုမှာ မီဒီယာ ကုမ္ပဏီပေါ့။ ကြော်ငြာကောက် ရတယ်။ လုပ်သက်ကြာလာတော့ လွယ်ပါတယ် သိပ်မခက်ပါဘူး။ ဒါပေမဲ့ ခက်တာက လုပ်ဖော် ကိုင်ဖက်တွေ လူမညီဘူး။ ပြဿ နာတစ်ယောက်တစ်မျိုးနဲ့ သိပ် စိတ်ညစ်ဖို့ကောင်းတယ်’’ဟု အသက် (၄၂)နှစ်အရွယ် မအေး အေးကပြောသည်။

တစ်ခါတလေ လုပ်ငန်းခွင် မှာ လုပ်ဖော်ကိုင်ဖက်တွေနှင့် အဆင်မပြေလွန်းသဖြင့် အလုပ် ထွက်ဖို့စိတ်ကူးမိတာလည်း ခဏ ခဏဟုသူကဆိုသည်။ သို့သော် လစာကောင်းပြီး အသားကျနေသော အလုပ်တစ်ခုကို မထွက်ချင်၍ တစ်ကြောင်း၊ မိသားစုက မိမိဝင် ငွေကို မှီခိုနေသည်ဖြစ်တာက တစ်ကြောင်း ကြိတ်မှိတ်သည်းခံ လုပ်နေရသည်ဟု မအေးအေးက ရှင်းပြသည်။

အသက် (၂၇)နှစ်ကျော်သာ ရှိသော မစိုးမိုးသူကတော့ မအေး အေးလောက်စိတ်မရှည်ပါ။ ငယ်ရွယ်သူလည်းဖြစ် ပင်ကိုက လည်းခပ်စွာစွာမို့ သူအလုပ်လုပ် နေသောဘဏ်မှာ လုပ်ဖော်ကိုင် ဖက်အတော်များများနှင့် ရန်ဖြစ် စကားများထားပြီးဖြစ်သည်။ သူ့ဘေးမှာ အလုပ်ထိုင်လုပ်နေ သော လုပ်ဖော်ကိုင်ဖက်နှင့်လည်း သူစကားမပြောသလို အခြားဌာန တွေမှာလည်း လုံးဝမျက်နှာချင်း မဆိုင်သောလူ ၂ ယောက် ၃  ယောက်ခန့်ရှိသည်။

‘‘ကိုယ်ကစွာတော့ ကိုယ့် လာထိရင် ပြန်တီးလိုက်တာပဲ။ အဲဒီတော့ လုပ်သက် ၂ နှစ်အတွင်းမှာကို ရန်ဖြစ်ထားတာ လေး ယောက်လောက်ရှိတယ်။ သူတို့ တွေနဲ့ကလည်း တစ်ရုံးတည်းလုပ် နေရတော့ ရှောင်တိမ်းလို့ကမရ။ တစ်ခါတလေကျရင် ရုံးလာဖို့ တောင်စိတ်မပါဘူး’’

လုပ်ငန်းခွင်ဆိုသည်က လခစားဝန်ထမ်းဖြစ်သော်လည်း ပြိုင်ဆိုင်မှုများသည့်နေရာဖြစ် သည်။ အချင်းချင်းလစာ၊ ရာထူး၊ သူ့ထက်ငါသာအောင် ပြိုင်ဆိုင် ကြ၏။ တိုးတက်နေသောကုမ္ပဏီ မှာလည်း ရာထူးနှင့်အခွင့်အရေး များအတွက် ပြိုင်ဆိုင်ကြသလို အခြေအနေမကောင်းသောကုမ္ပ ဏီများမှာလည်း အလုပ်မြဲရေး အတွက် ပြိုင်ဆိုင်ရသည်။ ပြိုင် ဆိုင်ရာမှာ တရားနည်းလမ်းကျ တာတွေရှိသကဲ့သို့ အချင်းချင်း ချောက်ချပြဿနာရှာပြီး ပြိုင်ဆိုင် သူတွေလည်းရှိ၏။ အားနည်းသူ ကိုအားကြီးသူက အနိုင်ကျင့်တာ တွေလည်းရှိ၏။ အချင်းချင်း ကိုယ့်ဘက်သား သူ့ဘက်သား ဘက်လိုက်မှုတွေလည်းရှိ၏။ ထိုအခါ နေ့စဉ်လုပ်ငန်းခွင်သည် စိတ်ညစ်စရာနေရာကြီးတစ်ခုလို ဖြစ်လာသည်။

‘‘တစ်ခါတလေမှာ လုပ်ငန်း ရှင်သူဌေးက အဲဒီလိုပုံစံဖြစ်အောင်လုပ်ထားတာ။ သူကလူတိုင်းကိုမကြည့်နိုင်တော့ အချင်းချင်း မတည့်အောင်လုပ် ထားတာ။ အဲဒီတော့ သူ့ဘက်ကိုလှည့်မလာတော့ဘူးပေါ့။ အဲဒီတော့ ကိုယ်တွေကလည်း အချင်းချင်းစောင့်ကြည့်နေကြတယ်။ တစ်ခုခုမှားရင် သူဌေးကိုပြန်တိုင်တာပဲ’’ဟု ရန်ကုန်က နာမည်ကြီးဆေးဝါးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောသည်။

အဆိုပါဆေးဝါးကုမ္ပဏီ သည် လစာကောင်းသောကုမ္ပဏီ ကြီးဖြစ်သော်လည်း ဝန်ထမ်း အဝင်အထွက်ကြမ်းလှ၏။ မည် သည့်ဝန်ထမ်းမှ ကြာကြာမလုပ်နိုင်ကြ။ ဆေးဝန်ထမ်းလောက တွင် ထိုကုမ္ပဏီဆိုလျှင် အားလုံးက သဘောပေါက်ပြီးဖြစ်သည်။

များသောအားဖြင့် လုပ်ငန်း ခွင်ဆိုသည်မှာ စုပေါင်းအလုပ် ဖြစ်သည်။ ဘာအကြောင်းကြောင့်ဖြစ်စေ ဝန်ထမ်းများစိတ်ဖိစီးလျှင် မပျော်ရွှင်လျှင် ကုမ္ပဏီလုပ်ငန်း ၏ အကျိုးစီးပွားထိခိုက်မည်သာ ဖြစ်၏။ ဘဏ်လုပ်ငန်း၊ သတင်းစာ၊ ရေဒီယိုကဲ့သို့ မီဒီယာလုပ်ငန်းများတွင် ဝန်ထမ်းအချို့လောက်ပဲကွက်ပြီး ထူးချွန်နေ၍မရ။ တစ်ဦးတစ်ယောက်ကောင်းနှင့်မရ။ အောက်ခြေကနေအထက်အထိ သူ့အဆင့်နှင့်သူ အပေးအယူမျှတမှ လုပ်ငန်းအောင်မြင်သည်။ အကျိုးစီးပွားဖြစ်ထွန်း၏။

ကမ္ဘာကျော်နယူးယောက် တိုင်းမ်သတင်းစာ၏အဆိုအရ သည်ကနေ့ ကမ္ဘာပေါ်တွင်အရောင်းရဆုံး စာအုပ်များသည် လုပ်ငန်းခွင်ဆိုင်ရာပေါင်းသင်း ဆက်ဆံရေးစာအုပ်များဖြစ် သည်။ အရောင်းရဆုံးစာရေး ဆရာများဖြစ်သော ပီတာဆန်၊ ဂရန်နီ၊ မက်ခ်မီလန်တို့၏ လုပ် ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအချင်းချင်း မည်သို့ အဆင်ပြေအောင်ပေါင်းသင်း ဆက်ဆံရမည်ဆိုသောစာအုပ် များသည် ယခုနှစ်များအတွင်း အုပ်ရေသန်းချီရောင်းချခဲ့ရ၏။ ထို့ကြောင့် လုပ်ငန်းခွင်ဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးပြဿနာ များသည် မြန်မာပြည်က ဝန်ထမ်း များတွင်မဟုတ် တစ်ကမ္ဘာလုံးက လူမျိုးအသီးသီး နေ့စဉ်ကြုံတွေ့ နေရသောပြဿနာများဖြစ် သည်။

ထိုကဲ့သို့ ပေါင်းသင်းဆက် ဆံရေးစာအုပ်များတွင် တိဗက် ဘုန်းကြီးဒလိုင်းလားမားရေး သောဗုဒ္ဓဘာသာအခြေခံဆက်ဆံ ပေါင်းသင်းရေးစာအုပ်များက လည်း နာမည်ကြီးသည်။ ဒလိုင်း လားမားသည် မဟာယာနဗုဒ္ဓဘာသာဝင်ဖြစ်ပြီး သူရေးသာစာအုပ်များက ဗုဒ္ဓဘာသာတရားတော်များကို အခြေခံထားသည်။ မေတ္တာတရားတော်ကို အထူးပြုထားသည်။ သို့သော် လက်တွေ့ကျလှသည် ဖြစ်ရာ အနောက်တိုင်းသားများကလည်း အတော်များများလိုက်နာ ကျင့်သုံးကြ၏။

‘‘ဒလိုင်းလားမားရေးတဲ့ အထဲမှာ မေတ္တာကရုဏာနဲ့ လူ တွေကိုအနိုင်ယူနည်းဆိုတာကို ကျွန်မသဘောကျတယ်။ လက် တွေ့လည်းအောင်မြင်တယ်။ သူကပြောတယ် ကိုယ့်ကို လူတစ် ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်ဆိုပါစို့။ အဲဒီလို တိုက်ခိုက်ပြီးရင် သူကလည်း ကိုယ်ကပြန်တုံ့ပြန်မယ်ဆိုတာကို မျှော်လင့်ထားတယ်။ ကိုယ်တုံ့ပြန် ရင် သူကလည်း နောက်တစ်ဆင့် တုံ့ပြန်မယ်လို့ ပြင်ဆင်ပြီးသား။ အဲဒီတော့ ကိုယ်က သူ့အကွက်ကို ဖျက်ရမယ်။ ဘယ်လိုဖျက်ရမလဲ ဆိုတော့ သူက ကိုယ့်အပေါ်တိုက် ခိုက်တာကို ခွင့်လွှတ်သည်းခံပြီး ဘာမှမဖြစ်သလိုနေဖို့ပဲ’’

ထိုနည်းလမ်းသည် လက် တွေ့မှာတော့ ရိုးရှင်းသလိုခက်ခဲ လှသည်ဟု မအေးအေးကပြော သည်။ ကိုယ့်ကိုပြင်းပြင်းထန်ထန် စော်ကားထားသူတစ်ယောက်ကို ဘာမှမဖြစ်သလို အေးဆေးညင် သာခွင့်လွှတ်ပြီး တုံ့ပြန်ရတာ အလွန်ခက်လှပါ၏။ သို့သော် လည်း ပြင်းပြင်းထန်ထန်တုံ့ပြန် သည်ထက် ပိုအောင်မြင်သည်ဟု သူ့အတွေ့အကြုံကိုပြောသည်။

‘‘ကျွန်မကိုလုပ်ငန်းခွင်မှာ အပိုင်ပဲဆိုပြီး လာကြမ်းတဲ့သူ တစ်ယောက်ကို ကျွန်မက ခါတိုင်းလိုရန်မဖြစ်ဘဲ အေးဆေးနား ထောင်ပြီး ဟုတ်ပါတယ် အစ်မရေ ကျွန်မအမှားပါ။ နောက်တစ်ခါ ကျွန်မသတိထားပါမယ်လို့ အေး ဆေးတုံ့ပြန်လိုက်တယ်။ သူက တော့ ရန်ဖြစ်ရအောင်လာတာကို ကျွန်မက အေးဆေးတုံ့ပြန်လိုက် တော့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားတယ်။ သူကလည်းလျှော့ သွားတယ်။ အဲဒီနည်းက သိပ်ထိ ရောက်ပါတယ်’’

စင်ကာပူကြော်ငြာကုမ္ပဏီ တစ်ခုတွင် အောင်မြင်စွာအလုပ် လုပ်ခဲ့ပြီး ရန်ကုန်မြို့က ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၌ မန်နေဂျာ ရာထူးဖြင့် တာဝန်ယူထမ်းဆောင် နေသော မဖြူခိုင်ကတော့ ဆက်ဆံရေးကောင်းမွန်သူ၊ လူချစ်လူခင် ပေါလှသူဖြစ်သည်။ အလုပ်အမျိုး မျိုး၊ လူအမျိုးမျိုးနှင့် ပေါင်းသင်း ဆက်ဆံခဲ့ရသောအတွေ့အကြုံ များက သူ့ကိုသည်လိုဖြစ်လာ အောင် သင်ပေးလိုက်တာဟု မဖြူခိုင်ကပြောလေ့ရှိသည်။ သူ၏နည်းကတော့ လူများကို ကိုယ်လို ချင်သလိုပြောင်းလဲမယူဘဲ သူတို့ နှင့်အဆင်ပြေလိုက်လျောအောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲယူ ခြင်းဖြစ်သည်။ တစ်ခုခုပြဿနာ တက်ပြီဆိုလျှင် မဖြူခိုင်က ကိုယ့် ဘက်ထက် တစ်ဖက်သားဘက် ကနေတွေးယူခံစားကြည့်သည်ဟု ဆိုသည်။ ထို့အပြင် လူဆိုးဖြစ်ပါ စေ အမြဲတမ်းမဆိုးနိုင် အနည်း ဆုံး ကောင်းကွက်တစ်ခုရှိသည်။ ထိုကောင်းကွက်ကို ကိုယ်နှင့်ကျ မှ ကျင့်သုံးရအောင် ကိုယ်က လည်း သူ့အပေါ်ကောင်းရမည်ဟု မဖြူခိုင်ကရှင်းပြသည်။

အင်္ဂလန်နိုင်ငံက ပေါင်း သင်းဆက်ဆံရေးဆိုင်ရာကျွမ်း ကျင်သူ ကော်နီမေးလ်ကမူ လုပ် ငန်းခွင်ဆက်ဆံပေါင်းသင်းရခက် သူများနှင့် အဆင်ပြေစွာပေါင်း သင်းဖို့အတွက် ဂါးဒီးယန်းသတင်း စာမှာ အောက်ပါနည်းတွေကို အကြံပေးထားသည်။

(၁) အားလုံးသည် လူသားများဆို သည်ကိုသတိရပါ။
တစ်ခါတလေမှာ လုပ်ဖော် ကိုင်ဖက်များ၏အပြုအမူကို ဆိုး ဆိုးဝါးဝါးတုံ့ပြန်ဖို့ထက် သူတို့ အဆင်ပြေအောင် ကိုယ်ဘာလုပ် ပေးရမလဲမေးလိုက်ပါ။ ကိုယ်က သူတို့ကိုခြိမ်းခြောက်မှာမဟုတ်ဘဲ အားပေးကူညီမည့်သူဟုသာမြင် ပါစေ။

(၂) အခြားသူများနှင့် ပွင့်ပွင့်လင်း လင်းပြောဆိုဆက်ဆံပါ။
တစ်ခါတလေလည်း တချို့ က သူများဘာလိုချင်သည် ဘာ ဖြစ်ချင်သည်ကို မသိသူများလည်း ရှိသည်။ ထိုအခါ ရှက်ကြောက် မနေဘဲ ကိုယ်လိုချင်တာ ပွင့်ပွင့် လင်းလင်းပြောဆိုဆွေးနွေးပါ။

(၃) ဆိုးဆိုးဝါးဝါး ပြောဆိုတတ်သူ ကိုရှောင်ပါ။
ကိုယ့်ကို နှုတ်ဖြင့်လည်းကောင်း၊ ကိုယ်အမူအရာဖြင့်လည်းကောင်း ကြမ်းကြမ်းတမ်း တမ်း ပြောလာသည်ဆိုပါက မည် သူပင်ဖြစ်ပါစေ ရှောင်ထွက်သွား ပါ။ သူတို့စိတ်ပြေမှပြန်လာပြီး ပြောဆိုဆက်သွယ်လုပ်ကိုင်ပါ။

(၄) သူတို့၏ကိုယ်ရေးကိုယ်တာ နှင့် စိတ်ပိုင်းဆိုင်ရာပြဿနာများ ကိုသိထားပါ။
တစ်ခါတလေမှာ အကြောင်းမဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် က ကိုယ့်ကိုတိုက်ခိုက်နေပါက ကိုယ့်ပြဿနာကြောင့်မဟုတ်ဘဲ အိမ်တွင်းရေး၊ ကျန်းမာရေးကဲ့သို့ ပြဿနာများကြောင့် သူ၏ပေါက် ကွဲမှုတွေကို ကိုယ်နှင့်လာဖောက် ခွဲထုတ်နေသည်ကို သဘော ပေါက်နားလည်ပါ။ သည်လိုမျိုး ဆိုပါက တာဝန်ရှိသူလူကြီးကို သိရှိအောင် အသိပေးတိုင်ပင် ဆောင်ရွက်ပါ။

နောက်ဆုံး ဘယ်နည်းသုံး သုံး မထိရောက်ပါက စိတ်ညစ် စရာကောင်းသောလုပ်ငန်းခွင်ကို အမြန်စွန့်ပြီး ပျော်ရွှင်ကောင်းမွန် သောလုပ်ငန်းခွင်သို့ အလုပ် ပြောင်းရန်ဖြစ်သည်။ သို့သော် သတိထားရမည်မှာ လုပ်ငန်းခွင် တိုင်း၊ နေရာတိုင်းတွင် ပေါင်းသင်း ဆက်ဆံရခက်သောလူများက ရှိနေမည်သာဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သည်အရာက လူသားတို့၏ သဘာဝသာဖြစ်၏။ ထို့ကြောင့် သူလိုလူတွေနှင့် လွတ် အောင်ရှောင်ပြေးမည့်အစား မည်သည့်လူမျိုးနှင့်မဆို ပေါင်း သင်းတတ်အောင်လေ့ကျင့်ထား သည်က အကောင်းဆုံးနည်းဖြစ် သည်ဟု ဆက်ဆံရေးပညာရှင် များက အကြံပြုထားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top