iMyanmarHouse.com - Best Property Website for Myanmar
×










အစာအဆိပ်သင့်ခြင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ မသန့် ရှင်း၊ညစ်ညမ်းတဲ့ ဥစား၊အသားစား မွေးမြူရေး ကြက်၊ဘဲ၊ငန်းတွေကနေ ဖြစ်ရတယ်ဆိုတာ သင်သိပါသလား။ဗြိတိန်တစ်ခုတည်းမှာ အစာအဆိပ်သင့်မှုပေါင်း တစ်နှစ်ကို သန်းချီဖြစ်ပွားလျက်ရှိတယ်လို့ ယူကေအစိုးရ ကိုယ်တိုင်က ထုတ်ပြန်ထားပါတယ်။

ဒီအစာအဆိပ်သင့်မှုတွေရဲ့ အဓိကအကြောင်းရင်းက campylobacter ဆိုတဲ့ ဘက်တီးရီးယားပိုးနဲ့ salmonella ဆိုတဲ့ ဘက်တီးရီးယားပိုးတွေ ဖြစ်ပါတယ်။ အစာအဆိပ်သင့်တယ်ဆိုတာ စားပြီးပြီးချင်း ချက်ချင်းဖြစ်တာမျိုး မဟုတ်ဘဲ လက္ခဏာပြဖို့ တစ်ရက် ကနေ သုံးရက်အထိ ကြာမြင့်တတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ နေမကောင်းဖြစ်ဖျားနာတာ၊ အန်တာ၊ အစာအိမ်အောင့်တာ နဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတို့ ဖြစ်ပါတယ်။

ဖြစ်ပွားရတဲ့အဓိကအကြောင်းကတော့ အသားတွေကို ကျက်အောင် မချက်ပြုတ်လို့ ၊ ရေခဲသေတ္တာထဲ ထည့်မသိမ်းမိလို့ ၊ရက်လွန်နေတဲ့ ဟင်းခတ်ပစ္စည်းတွေ ထည့်သုံးမိလို့ နဲ့ ညစ်ပတ်ပေရေနေတဲ့ လက်တွေနဲ့  ထိတွေ့ မိလို့ ဖြစ်ပါတယ်။

အစာအဆိပ်သင့်နိုင်ဆုံးအစားအစာတွေကတော့ ဥစား၊အသားစားဖို့ သက်သက်မွေးမြူထားတဲ့ မွေးမြူရေးကြက်၊ငှက်တွေနဲ့ ဟင်းသီးဟင်းရွက်တွေကြောင့်ဖြစ်ပါတယ်။ အစာအဆိပ်သင့်မှုရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ မသန့် ရှင်းတဲ့ မွေးမြူရေးကြက်၊ငှက်တွေကြောင့် ဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ မသန့် ရှင်းတဲ့နို့ ၊ ရေ နဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အခွံမာစေ့တွေကြောင့် ဖြစ်ပါတယ်။အစာအဆိပ်သင့်တယ်လို့ ထင်ပြီး တကယ်လို့ အောက်ပါ လက္ခဏာတွေကြုံတွေ့ နေရရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

၁။ အထက်ဖော်ပြပါ ၀မ်းပျက်ဝမ်းလျှော၊ဖျားနာတာမျိုးတွေ ရက်အတန်ကြာဖြစ်နေတာ

၂။ ကိုယ်အပူချိန် ၁၀၀.၄ ဖာရင်ဟိုက်ကျော်နေတာ

၃။ ရေဓာတ်ဆိုးဆိုးရွားရွားခန်းခြောက်နေတာ ( မျက်တွင်းဟောက်ပက်ဖြစ်ပြီး၊ ဆီးအမည်းသွားတာ)

၎။ အလားတူအစာအဆိပ်သင့်မှုမျိုး ပတ်ဝန်းကျင်မှာကြုံတွေ့ နေရတာ

၅။ အိမ်မှာရှိတဲ့ ကလေးငယ်က အစာအဆိပ်သင့်နေတာ

အစာအဆိပ်သင့်မှုက ကာကွယ်ဖို့ အတွက်

၁။ အသားတွေကို ကျက်အောင် ချက်ပြုတ်ပါ

၂။ ဟင်းသီးဟင်းရွက်၊အသားငါးတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းပါ

၃။ နာမကျန်းဖြစ်နေသူ၊ ဒါမှမဟုတ် လက်မဆေးထားတဲ့သူတွေကို အစားအသောက်၊ ချက်ပြုတ်စရာတွေ မကိုင်ခိုင်းပါနဲ့ 

၎။ ရက်လွန်နေတဲ့ ဟင်းခတ်ပစ္စည်းတွေ မသုံးပါနဲ့ ။တကယ်လို့ သင်ဟာ စားသောက်ဆိုင်၊ကဖေးနဲ့ အမြန်ပြင်ဆိုင်တွေကနေ အစာအဆိပ်သင့်မှုကို ခံစားရတယ်ဆိုရင် နစ်နာကြေးကို ရှေ့ နေနဲ့ တိုင်ပင်ပြီး တောင်းခံသင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top