iMyanmarHouse.com - Best Property Website for Myanmar
×



တောင်ကိုရီးယား သရုပ် ဆောင်မင်းသမီးယွန်းအွန်ဟေး သည် တရုတ်ရုပ်သံအစီအစဉ်တစ် ခုဖြစ်သော The Goddesses' New Quttit အတွက် အထည်များ ပြုလုပ်စဉ် ကိုရိးယားဒီဇိုင်နာတစ် ဦးဖန်တီးသောအထည်ဒီဇိုင်းကို အတုခိုးခဲ့သည်ဟု စွပ်စွဲခံနေရ သည်။ အဆိုပါအစီအစဉ်၌ ယွန်း အွန်ဟေးတင်ဆက်ခဲ့သော အ ထည်တစ်ထည်နှင့် အလွန်ဆင် တူနေသည်ဟု ကိုရီးယား မီဒီယာ များက စက်တင်ဘာ ၆ ရက်တွင် ဖော်ပြသည်။

ယွန်းအွန်ဟေးသည် ၎င်း တင်ဆက်ခဲ့သော အဖြူရောင် အင်္ကျီဖြင့် အစီအစဉ်တွင် အနိုင်ရ ရှိခဲ့ပြီး ဒိုင်လူကြီးများ၏ ချီးကျူး မှုခံခဲ့ရသည်။


ဒီဇိုင်နာ ယွန်းချွန်းဟိုက သရုပ်ဆောင်ယွန်းအွန်ဟေးနှင့် အလှဖန်တီးရှင်သည် ၎င်းဖန်တီး ထားသော အင်္ကျီဒီဇိုင်းကို ပုံတူ ကူးချခဲ့သည်မှာ သေချာကြောင်း နှင့် စိတ်ပျက်ရကြောင်း ဖေ့စ် ဘွတ်ခ် စာမျက်နှာမှတစ်ဆင့်ပြော သည်။ တရုတ်နိုင်ငံမှ ၀ယ်သူတစ်ဦးက ယင်းအစီအစဉ်ကို ကြည့်ပြီး နောက် ဖုန်းဆက်အကြောင်းကြား လာ၍ ယွန်းအွန်ဟေး၏ အင်္ကျီ ဒီဇိုင်းအကြောင်း   သိခဲ့သည်ဟု ဒီဇိုင်နာ   ယွန်းချွန်းဟိုက   ပြော သည်။     ‘‘ကျွန်တော်တို့က ယွန်းအွန်းဟေးရဲ့ အလှဖန်တီး ရှင်ကို အထည်တွေ စပွန်ဆာပေး ဖူးပါတယ်။ ယွန်းအွန်းဟေးက လည်း မကြာခဏ ၀တ်ခဲ့ပါတယ်။ သူတို့တွေ ကျွန်တော့်ဒီဇိုင်းကို ခိုး သွားတာသေချာပါတယ်’’  ဟု ဒီဇိုင်နာ   ယွန်းချွန်းဟိုက   ပြော သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top