iMyanmarHouse.com - Best Property Website for Myanmar
×














ဗြိတိန်သရုပ်ဆောင် မင်းသား ရောဘတ်ပတ်တင်ဆန် သည် ရည်းစားဟောင်းခရစ္စတင်း စတီးဝပ်ကို ရှောင်ရှားရန် ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခြင်းမရှိဟု သတင်း များကဖော်ပြသည်။

ရောဘတ်ပတ်တင်ဆန်နှင့် ရင်းနှီးသောသတင်းရင်းမြစ်တစ်ခု က ‘‘ရောဘတ်အနေနဲ့ သူနဲ့ခရစ္စ တင်းတို့ အဲဒီပွဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်အထိ တိုက်မိမလိုဖြစ်တယ်ဆိုတဲ့ ဇာတ် လမ်းတွေမထွက်စေချင်ပါဘူး။ ဗင်းနစ်မြို့ဟာ အရမ်းငယ်ပါ တယ်။ ပြီးတော့ အဲဒီမှာ ပါတီပွဲ တွေနဲ့ဟိုတယ်တွေအများကြီးရှိ နေတယ်’’ဟု ပြောကြားခဲ့ကြောင်း The New York Post သတင်းက ဖော်ပြသည်။

ရောဘတ်ပတ်တင်ဆန် သည် ၎င်းပါဝင်သော ရုပ်ရှင်ဇာတ်ကားသစ် The Childhoodof a Leader ပွဲဦးထွက်ရုံတင် ပြသမည့် အဆိုပါရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန်အစီအစဉ်ရှိခဲ့သည်။ ၎င်း၏ဇာတ်ကားကို ပြသသည့်နေ့တွင်ပင် ခရစ္စတင်းစတီးဝပ်၏ ရုပ်ရှင်ဇာတ်ကားသစ် Equals  ပရို မိုးရှင်းပွဲရှိသည်ဟုသိရသည်။ ရောဘတ်က The LostCity of Z ဇာတ်ကားရိုက်ကူးရေးနှင့်  မအားလပ်သောကြောင့် ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန်အစီအစဉ်ကိုဖျက်သိမ်းကြောင်းကြေညာခဲ့သည်။

Twilight ရုပ်ရှင်ဇာတ်ကားမှ အဓိကသရုပ်ဆောင်များဖြစ် သော ရောဘတ်ပတ်တင်ဆန်နှင့် ခရစ္စတင်းစတီးဝပ်တို့သည် ၂၀၀၈ တွင်စတင်ချစ်ကြိုက်ခဲ့ သည်။ သို့သော် Snow White and the Huntsman ဒါရိုက်တာ နှင့် ခရစ္စတင်းတို့၏ ချစ်ဇာတ် လမ်းအရှုပ်တော်ပုံကို မီဒီယာများ ကဖွင့်ချပြီးနောက် ၂၀၁၂ တွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

Credit :7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top