iMyanmarHouse.com - Best Property Website for Myanmar
×










စိတ်ဖိစီးမှုတွေများနေတာ၊ အသားအရေက မွဲခြောက်ခြောက်ဖြစ်နေတာ၊ ခါးက ပြန်နာနေပြန်ပြီလား။ နေလို့ ထိုင်လို့ မကောင်းဖြစ်နေရင်တော့ လိင်ဆက်ဆံမှုပြုတာဟာ ဒီရောဂါတွေကိုတိုက်ဖျက်ပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

၁။ အအေးမိခြင်း

လိင်ဆက်ဆံခြင်းက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ချောင်းဆိုနာ၊ အအေးမိ နဲ့ တခြား အဖျားရောဂါ တွေကို တိုက်ဖျက်ဖို့ ကူညီပေးပါတယ်။ လိင်ဆက်ဆံမှုက ဗိုင်းရပ်စ်ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးတဲ့ဓာတ် immunoglobulin A (IgA) ကို တိုးပွားစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ် သို့ မဟုတ် နှစ်ကြိမ် ဆက်ဆံတဲ့ လူတွေဟာ မဆက်ဆံသူတွေထက် IgA ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

၂။ စိတ်ဖိစီးမှု

ထိတွေ့ ခြင်း၊ နမ်းခြင်းနဲ့ ပွေ့ ဖက်ခြင်းတို့ ဟာ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်း cortisol ပမာဏ ကို ကျစေပြီး oxytocin လို ခန္ဓာကိုယ်ရဲ့ ပျော်ရွှင်မှုဟော်မုန်းတွေကို မြှင့်တင်ပေးပါတယ်။

၃။ အကိုက်အခဲဆေးအနေနဲ့ လည်း အသုံးချနိုင်တယ်

ခါးနာမှု၊ ခေါင်းကိုက်နာ၊ အဆစ်ရောင်နာ စတဲ့ နာကျင်မှုတွေကို ခန္ဓာကိုယ်ကတုံ့ ပြန်တဲ့စွမ်းရည်ကို တစ်ဝက်တိတိလျှော့ချပေးပါတယ်။ ခန္ဓာကိုယ်အတွင်းက နာကျင်မှုကိုတိုက်ဖျက်ပေးတဲ့ endorphin ဟော်မုန်းပမာဏကို မိနစ်ပိုင်းအတွင်း သုံးဆမြင့်တင်ပေးပြီး အကိုက်အခဲပျောက်ဆေးတွေထက်တောင် ပိုထိရောက်ပါတယ်။

၎။ အိုမင်းမှု

Botox ထိုးတာတွေကို မေ့လိုက်ပါ။ တစ်ပတ်ကို အနည်းဆုံးလေးကြိမ် ကိုယ်လက်နှီးနှောဆက်ဆံတာက သင့်ကို ၁၀ နှစ်ပိုနုပျိုစေတယ်လို့ Royal Edinburgh University က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လိင်ဆက်ဆံမှုက Adrenaline ၊ Dopamine နဲ့ Norepinephrine ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး အဆိုပါဟော်မုန်းတွေက အရေပြားဆဲလ်တွေကို ထိန်းသိမ်းပေးကာ ကြွက်သားတွေကို ဖြေလျှော့ပေးပြီး အရေးအကြောင်းတွေကို တားဆီးကာကွယ်ပေးပါတယ်။

၅။ နှလုံးကျန်းမာရေး

တစ်နေ့ ကို အနည်းဆုံး နှစ်ကြိမ် ဆက်ဆံမှုပြုတဲ့ အမျိုးသားတွေမှာ အသက်အန္တရာယ်ကို အဓိကခြိမ်းခြောက်မှုပြုနိုင်တဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း နည်းပါးပါတယ်။ ပုံမှန် လိင်ဆက်ဆံမှု ပြုခြင်း က သွေးပေါင်ချိန်ကို လျော့ကျစေပြီး လေသင်တုန်းနဲ့ နှလုံးဖောက်မှု ဖြစ်နိုင်ခြေကိုလည်း လျှော့ချ ပေးပါတယ်။

၆။ ကင်ဆာ

အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဖြစ်တတ်တဲ့ ရင်သားကင်ဆာကို လိင်ဆက်ဆံမှုက ကာကွယ်တားဆီးပေးနိုင်ပါတယ်။ တစ်လကို တစ်ကြိမ်လောက်ပဲ လိင်ဆက်ဆံမှုပြုတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပြားကြောင်း ပြင်သစ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ တွေ့ ရပါတယ်။ အမျိုးသားတွေအတွက် ဆီးကျိတ်ကင်ဆာကိုပါ ကာကွယ်ပေးပြီး တစ်လကို သုတ်လွှတ်မှု ပျှမ်းမျှ ၂၁ ကြိမ် ရှိတဲ့ ယောင်္ကျားတွေမှာ ဆီးကျိတ် ကင်ဆာဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း နည်းပါးပါတယ်။

လိင်ဆက်ဆံမှုဆိုတာ သဘာဝကပေးထားတဲ့ ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လိင်ဆက်ဆံမှုမျိုးက ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တွေကို မှန်ကန်ကောင်းမွန်စေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top