iMyanmarHouse.com - Best Property Website for Myanmar
×










အတိတ်ဟောင်းတွေကို လက်ရှိကိုယ့်ဘ၀ထဲ ဆွဲမသွင်းသင့်ပါဘူး။ အထူးသဖြင့် ကိုယ့်ချစ်သူရဲ့ သူသဘောမကျတဲ့အတိတ်ဖြစ်ရပ်တွေပေါ့။ နောက်တစ်ခုက ကိုယ့်ချစ်သူရဲ့ အရင်တုန်းက အချစ်ရေးနဲ့ သူ့ရည်းစားဟောင်း အကြောင်းတွေပေါ့။ ဒီအရာတွေကို သင့်လက်ရှိအချစ်ရေးမှာ ပါဝင်ပတ်သက်စေခြင်းဟာ သင်တို့နှစ်ဦးအတွက် စိတ်ပျက်စရာအခြေအနေတွေကိုသာ ဖော်ဆောင်ပေးသွားပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်ချစ်သူရဲ့ ရည်းစားဟောင်းကို နေ့စဉ်နဲ့အမျှ မုန်းတီးနေခြင်း၊ ဒီအကြောင်းကိုသာ ကိုယ့်ချစ်သူရှေ့ ထပ်ခါထပ်ခါ ပြောဆိုနေခြင်းမျိုးတွေပေါ့။

၁။သင်ဟာ သူတို့ရဲ့ပြီးဆုံးသွားပြီဖြစ်တဲ့ အချစ်ရေးကို ပြသနာလုပ်နေတုန်းလား။

သင့်ချစ်သူနဲ့ သူ့ရည်းစားဟောင်း ပြတ်တာ၊ ပြတ်ပြီးမှ သင်နဲ့ကြိုက်တာဟာ အားလုံး ကွဲပြားတဲ့အရာတွေပါပဲ။ ဒီမှာ ရှုပ်ထွေးနေတာမျိုးလည်း ဘာမှမရှိပါဘူး။ အရင်က အရာတွေက ပြီးသွားပါပြီ။ ဒါနဲ့ပတ်သက်ပြီး သင့်မှာ ပြသနာတက်စရာ ဘာမှမရှိပါဘူး။ အရင်တုန်းက ဖြစ်ခဲ့တဲ့အရာတွေဟာ သင့်ပြသနာဖြစ်လာစရာ ဘာရှိသလဲဆိုတာ တွေးကြည့်ပါ။ ဒီတော့ ဘာမှမဟုတ်တာကို သူ့ကို ထပ်တလဲလဲမေးပြီး ရန်ရှာတာမျိုး ရှောင်ပါ။

၂။အရင်ရည်းစားအကြောင်း ပြန်ပြောဆိုနေခြင်းဟာ အာရုံနောက်စေတဲ့အပြင် သူ့ကိုမယုံကြည်ဘူးဆိုတာ ပြတာပါပဲ။

စကားပြောလိုက်တိုင်း သင့်ချစ်သူရဲ့ ရည်းစားဟောင်းကို ထည့်ထည့်ပြောတတ်သလို သင့်ချစ်သူကို မကျေမနပ်တာရှိတိုင်းလည်း အရင်တစ်ယောက်နဲ့ ပြန်ပြန်ယှဉ်ပြီး ပြောတတ်လာမယ်ဆိုရင် သင်တို့နှစ်ဦး ကြာရှည်အဆင်မပြေ နိုင်ပါဘူး။ သင့်ဘက်က တွေးရမှာက သူဟာ အရင်တစ်ယောက်ကိုပဲ ချစ်နေသေးလို့လား၊ ဒါမှမဟုတ် အရင်တစ်ယောက်နဲ့ ပတ်သက်နေလို့လား။ ဒီလိုတစ်ခုမှ မဟုတ်ပဲ သင့်စိတ်ထဲက မကျေနပ်တာ၊ သ၀န်တိုတာ၊ သူ့ရည်းစားဟောင်းကို မုန်းနေတာဆိုရင်တော့ ဒီလိုပြသနာတွေကို အပြီးသတ်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ သင်တို့အချစ်ရေး အပြီးသတ်သွားပါလိမ့်မယ်။ လူတစ်ယောက်ဟာ ကိုယ်ဘာမှ အမှားမလုပ်ပဲ တစ်ဖက်လူက စွပ်စွဲတာ၊ မယုံကြည်တာမျိုး မခံနိုင်ကြပါဘူး။

၃။ သင်ဟာ မဖြစ်နိုင်တာတွေကို စိတ်ကူးပြီး ပြသနာ ဖန်တီးနေတာမျိုးလား။

ငါ့ချစ်သူကို ငါ့ဆီကများ ပြန်လုသွားရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးမျိုးတွေရှိနေရင် အဲ့ဒီအတွေးတွေကို စိတ်ထဲက အပြတ်ထုတ်ပစ်လိုက်ပါ။ မဖြစ်နိုင်တာတွေကို တွေးပူနေခြင်းဟာ သင့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေပါလိမ့်မယ်။

၎။သင့်ချစ်သူရဲ့ ရည်းစားဟောင်းကို မုန်းနေခြင်းက သင့်ကို စိတ်ပင်ပန်းစေတဲ့အပြင် သင့်ပုံစံကို ကြမ်းတမ်းတဲ့အသွင် ပြောင်းလဲစေပါလိမ့်မယ်။

ကိုယ့်သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ သင့်ချစ်သူရဲ့ ရည်းစားဟောင်းက ဘယ်လိုဆိုတာမျိုးပြောဖြစ်ရင် သင့်အချိန်တွေ နှမြောစရာကောင်းတာ အမှန်ပါ။ တကယ်လို့များ အဲ့ဒီတစ်ယောက်က သင့်အကြောင်းတွေ မကောင်းပြောနေတယ်ဆိုရင်တော့ ပြောပါစေ။ ဒါသင့်ကို သူ မနာလိုလို့ဆိုတာ ထင်ပေါ်နေတာပဲလေ။ သူကရော သူ့လို ကိုယ့်ကိုယ်ကို အဖြစ်ခံမှာပဲလား။ ဒီလို ပြောဆိုနေခြင်း ဒေါသထွက်နေခြင်းကိုက သင်ဟာ သူ့ကိုမနာလိုဖြစ်နေဆဲ ဆိုတာ ပြသသလို ဖြစ်နေတာမို့ သူ့အကြောင်းတွေကို မေ့ပြီး သင့်ချစ်သူနဲ့သာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။ သင့်အကြောင်း မကောင်းပြောတဲ့သူကို ကြင်နာမှုနဲ့သာ သတ်လိုက်ပါ။

၅။တစ်ဖက်လူနဲ့ပြတ်ပြီး သင့်နဲ့ ကြိုက်ပြီဆိုကတည်းက သင့်ချစ်သူမှာလည်း သူ အရင်တစ်ယောက်ကို စွန့်လွှတ်ချင်လို့ကို သင့်ဆီရောက်လာတာပါ။

ပြသနာတွေ ပိုရှုပ်ထွေးအောင်လုပ်မယ့်အစား သင်တွေးရမှာက သင့်ချစ်သူသာ အရင်တစ်ယောက်ကို ချစ်နေသေးရင် သင့်ဘ၀ထဲကို တန်းတန်းမတ်မတ် ဘယ်ဝင်လာပါ့မလဲ။ အားလုံးသိအောင် သင်နဲ့တွဲနေပြီဆိုကတည်းက သူ လည်း သင့်ကိုသာ ရွေးချယ်လိုက်လို့ပေါ့။ သင်ဆိုရင်ရော သူက သင့်ရည်းစားဟောင်းအကြောင်းတွေပြောပြီး နှိုင်းယှဉ်နေမယ်ဆို ကျေနပ်ပါ့မလား။ ကိုယ်ချင်းစာတရားထားပါ။ ဒီတော့ သင့်ချစ်သူနဲ့သင့်အချစ်ရေးမှာ ယုံကြည်မှုတွေ ပြည့်ဝနေဖို့ လိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top