iMyanmarHouse.com - Best Property Website for Myanmar
×









အထိုင်များခြင်းနှင့်၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ ကြောင့် အ၀လွန်ခြင်း၊ သွေးချိုဆီးချိုဝေဒနာခံစားရခြင်းစိုးရိမ်ပူပန်မှုလွန်ကဲကာ စိတ်ဂယောက်ဂယက်ဖြစ်ခြင်းတို့ ကို ဖြစ်စေသည့်အပြင် အသည်းကိုလည်း ပျက်စီးစေကြောင်း တောင်ကိုရီးယားနိုင်ငံ သုတေသီများက ထုတ်ပြန်ကြေညာသည်။

အသည်းကိုအဆီဖုံးတယ်ဆိုတာ အရက်တစ်မျိုးတည်းကြောင့် မဟုတ်ပါဘူး။ အရက်မသောက်လည်းပဲ အထိုင်များတဲ့သူတွေမှာ အသည်းအဆီဖုံးတာကိုတွေ့ ရပြီး နေ့ စဉ်အရက်ကို စွဲစွဲလန်းလန်း သောက်နေသူမှာလိုပဲအသည်းပျက်စီးတာကို တွေ့ ရပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

တစ်ရက်လျှင် ၁၀ နာရီထက်မနည်း ထိုင်သူများတွင် အသည်းပျက်စီးနိုင်ခြေသည်လည်း နေ့ စဉ် ၉ ရာခိုင်နှုန်းရှိကြောင်း၊ ထိုင်လျှက် အလုပ်လုပ်သည်ဖြစ်စေ၊ ရုပ်သံကြည့်သည်ဖြစ်စေ၊ မည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေ အထိုင်များခြင်းကြောင့်ပင်လျင် အသည်းပျက်စီးခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

ထိုင်နေရုံနဲ့ ကို ကျန်းမာရေးကို အဲဒီလောက်အထိ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူတွေမှာကျပြန်တော့လည်း အကျိုးသက်ရောက်မှုက ကောင်းနေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကိုပြင်းပြင်းထန်ထန်မလုပ်နိုင်ဘူးဆိုရင်တောင် တစ်ရက်ကို ခြေလှမ်းအနည်းဆုံး ၁၀၀၀ လျှောက်ပေးရုံနဲ့  အသည်းပျက်စီးနိုင်ခြေကို ၂၀ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်ု ၄င်းက ပြောပြသည်။

တောင်ကိုရီးယားနိုင်ငံရှိ အထိုင်များသော အသက် ၄၀ ၀န်းကျင်အရွယ် အမျိုးသား၊အမျိုးသမီးပေါင်း ၁၄၀၀၀၀ ဦးတို့ ကို စစ်တမ်း ကောက်ယူခဲ့ရာ ၃၅ရာခိုင်နှုန်းခန့် ဖြစ်သော ၄၀၀၀၀ ဦးတို့ တွင် အသည်းအဆီဖုံးနေသည်ကို အာလထရာစောင်းရိုက်ယူသိရှိခဲ့ရကြောင်း၊ ၄င်းတို့ အများစုသည် ကျန်းမာရေးအားဖြင့် ကောင်းမွန်နေကြကြောင်း၊ သာမန်ကြည့်ရှုရုံမျှဖြင့် အသည်းပျက်စီးနေသည်ဟု သံသယဖြစ်ဖွယ်မရှိကြောင်းသိရသည်။

ထို့ ကြောင့် အထိုင်များသူတို့ သည် နေ့ စဉ် ကိုယ်လက်လှုပ်ရှားမှုကို မပျက်မကွက်ပြုလုပ်သင့်ကြောင်း၊ ကိုယ်လက် မလှုပ်ရှားနိုင်လျင်လည်း မကြာခဏ မတ်တပ်ရပ်ပေးသင့်ကြောင်း၊ ထို့ အပြင် ညအချိန်တွင် မိမိစား သောက်မည့်အရာများးကို အထူးဆင်ခြင်သင့်ကြောင်း၊ အသည်းကို ထပ်မံထိခိုက်စေမည့် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ ကို လုံးဝ ရှောင်ကြဉ်သင့်ကြောင်း ၄င်းက ဖြည့်စွက်အကြံပေးထားသည်။

Credit : Lashio News Diary

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top