ဒရမ်မာနဲ့ ပိုလိုက်တယ်ဆိုတဲ့ ၀င့်ယမှုံလှိုင်
ဇာတ်လမ်းတွဲ လေးတွေနဲ့ လူသိများလာတဲ့ သရုပ်ဆောင် ၀င့်ယမှုံလှိုင်က သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ကာရိုက်တာပိုင်း မှာဆိုရင် သူ့ရဲ့ပုံစံက ဒရမ်မာနဲ့ ပိုလိုက်တယ်လို့ ဖွင့်ဟသွားပါတယ်။
““ညီမ ဒီသရုပ်ဆောင် လောကထဲကို စ၀င်လာကတည်းက ဒရမ်မာ ဇာတ်လမ်းလေးတွေနဲ့ စ၀င်လာတယ်ဆိုတော့ ပရိသတ်ရဲ့ အမြင်မှာရော နောက်ညီမရဲ့စိတ်ထဲမှာပါ ဒရမ်မာ ကာရိုက်တာနဲ့ ပိုလိုက်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားရပါတယ်။ ညီမကိုယ်တိုင် ကလည်း ဒီလို ဒရမ်မာ ကားလေးတွေရိုက်ရတာ တခြားကာရိုက်တာတွေ ရိုက်ရတာထက် ပိုပြီးယုံကြည်မှု ရှိတယ်။ ဒါပေမဲ့လည်း အခြားပရိသတ် စိတ်ဝင်စားမယ့် ကာရိုက်တာ မျိုးလေးတွေကိုလည်း ကြိုးစားပြီး အကောင်းဆုံး ဖြစ်အောင်တော့ ရိုက်ဖြစ်ပါတယ်””လို့ ၀င့်ယမှုံလှိုင်က ဖွင့်ဟပါတယ်။
လက်ရှိမှာတော့ ဖိလစ်ပိုင်က လာရောက် သင်တန်းပေးသွာတဲ့ စတန့်သင်တန်းကို တက်ရောက်ထားတဲ့ ၀င့်ယမှုံလှိုင်က အက်ရှင် ကားတွေလည်း ရိုက်ဖို့ ပြင်ဆင်နေပါတယ်လို့ ပြောသွားပါသေးတယ်။
Credit : messenger
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...