iMyanmarHouse.com - Best Property Website for Myanmar
×









အိပ်ရေး၀၀ မအိပ်ရသည့် ကလေးများသည် အစားအသောက်အပေါ် ပိုမိုခုံမင်လေ့ ရှိကြကြောင်း လေ့လာမှုများအရ သိရှိရသည်။တစ်နေ့ (၁၁) နာရီအောက်သာ အိပ်ရသော အသက် ငါးနှစ်အရွယ် ကလေးများသည် အိပ်ရေး၀၀ အိပ်ရသည့် ကလေးများနှင့် ယှဉ်ပါက သရေစာများကို ပိုမိုခုံမင်တတ်ကြကြောင်း သုတေသီများက International Journal of Obesity တွင် ရေးသား ဖော်ပြခဲ့ကြသည်။

အိပ်ချိန် (၁၁) နာရီ ပြည့်သည့် ကလေးများနှင့် နှိုင်းယှဉ်ပါက အိပ်ချိန် (၁၁) နာရီ မပြည့်သည့် ကလေးများသည် ခန္ဓာကိုယ် ညွှန်းကိန်း ပိုများကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့က မူကြို အရွယ် ကလေးများကို (၁၁) နာရီမှ (၁၂) နာရီကြာအောင် အိပ်ချိန်ပေးရန် တိုက်တွန်း ပြောထားသည်။ ကလေးများတွင်ရော လူကြီးများတွင်ပါ အိပ်ရေး မ၀ခြင်းက အစားအသောက် အပေါ် ခုံမင်စိတ် ပိုဖြစ်စေကြောင်း သက်သေတွေ ရှိလာပြီ ဖြစ်ကြောင်း စစ်တမ်း ဦးဆောင်ခဲ့သည့် လန်ဒန် ကောလိပ် တက္ကသိုလ်မှ လော်ရာ မက်ဒေါ်နယ်က ပြောကြားခဲ့သည်။

“ဒီကိစ္စက တကယ့်ကို စိုးရိမ်စရာ ကောင်းပါတယ်။ ကျွန်မတို့က ကယ်လိုရီ အများအပြားပါတဲ့ အစားအသောက်တွေကို အလွယ်တကူ ဈေးပေါပေါနဲ့ ရနိုင်နေတဲ့ အ၀လွယ်တဲ့ ကမ္ဘာမှာ နေထိုင်နေရတာပါ”ဟု ယင်းက ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အင်္ဂလန်နှင့် ဝေလနယ်ရှိ အသက် ငါးနှစ်အရွယ် ကလေး (၁၀၀၈) ယောက်ကို လေ့လာခဲ့ကြရာ ညဘက်တွင် (၁၁) နာရီ ပြည့်အောင် မအိပ်ခဲ့ရသော ကလေးများသည် အစားအသောက် အပေါ် တုံ့ပြန်မှု (၂ ဒသမ ၅၃) ရှိပြီး (၁၁) နာရီနှင့် (၁၂) နာရီကြား အိပ်စက်ခွင့်ရသော ကလေးများသည် (၂  ဒသမ ၃၆) ရှိကာ (၁၂) နာရီနှင့် အထက် အိပ်ရသော ကလေးများသည် (၂ ဒသမ ၃၅) ရှိကြောင်း သိရသည်။ တုံ့ပြန်မှုတွင် အစား အနည်းဆုံးသည် တစ်ဖြစ်ပြီး အစား အများဆုံးသည် ငါးဖြစ်သည်။

အသက် ငါးနှစ် အရွယ်ကလေး၏ အိပ်ချိန်ကို မိဘများအနေဖြင့် ထိန်းချုပ် နိုင်သေးသည့် အတွက် မိဘများအနေဖြင့် ကလေးကို အိပ်ရေး၀၀ အိပ်နိုင်အောင် ထိန်းကျောင်း ပေးသင့်ကြောင်း လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top