iMyanmarHouse.com - Best Property Website for Myanmar
×

အိုင်ယာလန်ယောက်ျား လေးပေါ့ပ်အဆိုရှင်များအဖွဲ့ Westlife မှအဖွဲ့ဝင်ဟောင်း ရှိန်း ဖီလန်က အိုင်ယာလန်မိန်းကလေးပေါ့ပ်အဆိုရှင်များအဖွဲ့ Girls Alouds မှအဖွဲ့ဝင်ဟောင်း နာဒင်း ကွိုင်ယယ်နှင့် စုံတွဲသီချင်းသီဆို ထားသည်ဟု ကြေညာသည်။

အိုင်ယာလန်ပေါ့ပ်စတား နှစ်ဦးဖြစ်သော ရှိန်းဖီလန်နှင့် နာဒင်းကွိုင်ယယ်တို့သည် I CouldBe အမည်ရ သီချင်းကို စုံတွဲတင် ဆက်ထားသည်။ ယင်းသီချင်း သည် ရှိန်းဖီလန်၏ စတူဒီယိုတေး အယ်လ်ဘမ်သစ် Right Here ၌ ပါဝင်မည်ဖြစ်သည်။ ရှိန်းသည် Westlife အဖွဲ့ ပြိုကွဲပြီးနောက် ၂၀၁၃ တွင် You and Me အမည် ရ စတူဒီယိုတေးအယ်လ်ဘမ်ကို ပထမဆုံးထွက်ရှိ၍ ၎င်း၏ဒုတိယ မြောက်တေးအယ်လ်ဘမ် Right Here ကို စက်တင်ဘာ ၂၅ ရက် တွင်ထွက်မည်ဖြစ်သည်။

‘‘ကျွန်တော့်ရဲ့ I Could Be သီချင်းအတွက် နာဒင်းက စုံတွဲ သီဆိုပေးသူဖြစ်လို့ ကျွန်တော် တကယ်ပျော်ပါတယ်။ ကျွန်တော် က သူ့အသံကို အမြဲအားပေးခဲ့သူ တစ်ဦးပါ။ ပြီးတော့ ပရိသတ်တွေ အဲဒီသီချင်းကို နားဆင်ပြီး တိုက် ရိုက်ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုတာကို ကျွန်တော်မျှော် လင့်နေပါတယ်’’ဟု ရှိန်းဖီလန်က ပြောကြားသည်။ ‘‘ရှိန်းရဲ့အယ်လ်ဘမ်သစ်မှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရလို့ ကျွန်မဝမ်းသာပါ တယ်။ အဲဒီသီချင်းကို တိုက်ရိုက် ဖျော်ဖြေတင်ဆက်မှုလုပ်ချင်နေ ပါတယ်’’ဟု နာဒင်းကွိုင်ယယ်က ပြောသည်။     

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top