iMyanmarHouse.com - Best Property Website for Myanmar
×










အသည်းကွဲတဲ့အခါ အိပ်ရာထဲမှာ ခေါင်းအုံးဖက်ပြီး ငိုနေမယ့် အစား တခြားအရာတွေလုပ်ဖို့ ဆန္ဒရှိရင်တော့ ဒီနည်းလေးတွေ ဖတ်ကြည့်လိုက်ပါ။

၁) အလုပ်ရှုပ်နေအောင်နေပါ။
ဝါသနာပါရာတစ်ခုခု လုပ်ပါ။ ဥပမာ- ၀တ္ထု တစ်ပုဒ်ဖတ်တာ၊ စာရေးတာ၊အိမ်ခန်းဆေးသုတ်၊ ဓာတ်ပုံတွေရိုက်၊ စစ်တုရင်ကစား၊ တရုတ်စာလေ့လာ စသဖြင့် ကိုယ်စိတ်ဝင်စားတာတွေကို ဆက်တိုက်လုပ်ပြီး အလုပ်တွေ များနေအောင် နေပါ။

၂)ပိုကြည့်ကောင်းအောင် နေပါ။
အပြင်ထွက်၊ အစားပုံမှန်စား၊ ကိုယ်အလေးချိန်ထိန်း၊ ဆံပင်ပုံဆံတွေပြောင်းပစ်၊ ယောဂကျင့်၊ ရေမချိုးခင် ထိုင်ထ အခါတစ်ရာ လုပ်ပစ် စသဖြင့် အချိန်ကုန်ဆုံးရင်း သင်လက်စားချေချင်နေတဲ့သူကို မေ့ပစ်လိုက်ပါ။

၃) ကောင်းတာတွေ ပိုလုပ်ပါ။
တစ်နေရာရာမှာ စေတနာ့ဝန်ထမ်း သွားလုပ်ပါ။ သင့်ထက် ကံဆိုးတဲ့ လူအများကို ကူညီပေးတာဟာ ကိုယ့် အတွေးထဲမှာ ရှိနေတဲ့ မကောင်းတဲ့ အမှိုက်သရိုက်တွေ ရှင်းလင်းပေးပြီးသား ဖြစ်ပါတယ်။ ဘ၀မှာ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ပြီး ဒုက္ခိတဘ၀ ရောက်သွားသူတွေ၊ ဘယ်သူမှ ကြည့်ရှုစောင့်ရှောက်မယ့်သူ မရှိလို့ဘိုးဘွားရိပ်သာမှာ လာနေကြရတဲ့ သက်ကြီးရွယ်အိုတွေ၊ ကျောင်းတောင်တက်ဖို့ အနိုင်နိုင်ဖြစ်နေတဲ့ ကလေးတွေ၊ ဆန်ပြုတ်တောင်မစားနိုင်တဲ့ လူတွေရဲ့ဘ၀တွေကို သင် သိလာရမှာပါ။

၎) သူနဲ့ပတ်သက်ပြီး မကောင်းတဲ့ အတွေး နယ်ချဲ့မှု လုပ်ကြည့်ပါ။
သူနဲ့ ကောင်းတဲ့ဆက်ဆံရေး မရှိခဲ့ဘူး။ ဘာလို့များ ဒီလိုလူမျိုးချစ်ခဲ့မိပါလိမ့်။ မရင့်ကျက်လိုက်တာလည်း လွန်ပါရော၊ အပြုံးအရယ် ကလည်းမရှိ ၊ စသဖြင့် သူ့ကိုသတိရလာသလိုရှိတိုင်း ဒီအချက်တွေပေါ်မှာပဲ အာရုံစိုက်တွေးပြီး နလပိန်းတုံး အဆက်ဟောင်းအပေါ် ထားမိနေတဲ့ နှောင်ကြိုးကို ဖြတ်ပစ်လိုက်စမ်းပါ။

၅) တစ်ဖန် ကိုယ့်အကြောင်း အကောင်းတွေးပါ။
နောက်အချစ်သစ် တွေ့နိုင်သေးတယ်။ အမှိုက်သရိုက် သူလို လူမျိုးနဲ့ လွမ်းခွဲလိုက်တာ ငါ့အတွက် ကောင်းတယ်စသဖြင့် ပြောပြီး ကိုယ်နဲ့ စိတ်တူကိုယ်တူပါရမီဖြည့်မယ့်လက်တွဲဖော်သစ်နဲ့ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းမည်ဖြစ်ကြောင်း အကောင်းတွေးပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top