iMyanmarHouse.com - Best Property Website for Myanmar
×









သင်ဟာ လူတွေကြားထဲ ထင်းခနဲဖြစ်ပြီး အားလုံးရဲ့အကြည့်တွေကို သိမ်းပိုက်ပစ်ချင်တာမျိုးလား။ သင့်ကိုကြည့်လိုက်တာနဲ့ ငေးသွားရလောက်အောင် ဆက်စီကျကျလေး ဖြစ်ချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ အချက်လေး (၇) ချက်ရှိပါတယ်။

၁။ဒေါက်မြင့်ဖိနပ် စီးပါ။

အမျိုးသမီးတွေဟာ ရှိရင်းစွဲထက် နည်းနည်းအရပ်ပိုမြင့်ရင် ပိုကြည့်ကောင်းသွားတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ heel ဖိနပ်တွေ စီးလိုက်တယ်ဆိုရင်ပဲ သူတို့စိတ်ထဲ ငါတို့ကြည့်ကောင်းနေပြီ၊ ဆက်စီကျသွားပြီဆိုတဲ့ ခံစားချက်လေး ၀င်သွားတတ်ပါတယ်။ အမျိုးသားတွေမှာလည်း ရေဒါတစ်ခုရှိနေတတ်ပါတယ်။ အဲ့ဒီရေဒါက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ဆက်စီကျတယ်လို့ ခံစားနေရတဲ့ အမျိုးသမီးတွေကို သိနေခြင်းပါပဲ။

၂။အနီရောင်ကို ဆင်မြန်းပါ။

အမျိုးသားတွေဟာ အနီရောင်ကို သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးတွေ နှုတ်ခမ်းနီ နီနီရဲရဲကို ဆိုးဖို့ သတ္တိတွေ အပြည့်ရှိနေကြတာပါ။ အသုံးအဆောင် အ၀တ်အစားတွေဆိုလည်း အနီက ဆက်စီကျပါတယ်။

၃။ဟာသဥာဏ်ရှိပါစေ။

သင်ဟာ တစ်ဖက်လူက ဟာသတစ်ခုခုပြောတဲ့အခါ ရုပ်တည်ကြီးနဲ့ နေတတ်သူဆိုရင်တော့ ဆက်စီကျဖို့ မပြောနဲ့၊ လူမှုဆက်ဆံရေးပါ ညံ့ဖျင်းတဲ့လူမျိုးပါ။ တစ်ဖက်လူပြောတာကို ပြုံးတတ်တဲ့လူထက် သင်ကိုယ်တိုင်က ရယ်ရယ်မောမောနဲ့ ဟာသဥာဏ်ရှိတဲ့ အမျိုးသမီးဟာ အမျိုးသားတွေအတွက် ဆက်စီကျတဲ့သူလို့ ဆိုထားကြပါတယ်။

၎။ပျော်ရွှင်မှုကို ဖော်ပြနိုင်တဲ့သူဖြစ်ပါစေ။

ယောင်္ကျာေးလးတွေအတွက်တော့ ခဏခဏ ငိုနေတတ်ပြီး၊ ၀မ်းနည်းလွယ်သူတွေဟာ ဆက်စီကျတဲ့သူတွေ မဟုတ်ကြပါဘူး။ တစ်ခုခုဆို ငိုမယ်၊ ခံစားနေမယ်ဆိုတဲ့ အမျိုးသမီးထက် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေကိုသာ ပိုဆက်စီကျတယ်လို့ မြင်တတ်ကြပါတယ်။

၅။ကိုယ့်ဘာသာကိုယ် အကောင်းမြင်စိတ်လေး မွေးပါ။

သင်ဟာ တစ်ခြားလူတွေ ပြောဆို ဆက်ဆံနေချိန်တွေမှာ သာမက ကိုယ့်ဘာသာကိုယ် တစ်ဦးတည်း တစ်ကိုယ်တည်း တွေးတောမိချိန်မှာတောင် အကောင်းမြင်တတ်သူ ဖြစ်ပါစေ။ ဒီလို အကောင်းမြင်ပြီး ပြောဆိုတတ်သူတွေဟာ အခြားလူတွေအတွက် ဆက်စီကျတာပါပဲ။

၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေပါစေ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ လူတစ်ယောက်နဲ့ ယုံကြည်မှုမဲ့တဲ့လူတစ်ယောက်ရဲ့ အနေအထားဟာ အကွာကြီးပါ။ ပြောဆိုပြုမူဆက်ဆံပုံတွေကလည်း တကယ့်အကွာကြီးပါပဲ။

၇။သင်တကယ်ကို သဘောကျတဲ့ အ၀တ်အစားတွေကိုသာ ၀တ်ဆင်ပါ။

သင်ဟာ ဂျင်းဘောင်းဘီအကျပ်နဲ့ တီရှပ်လေး ၀တ်ထားရင် စိတ်တွေလွတ်လပ်ပြီး နေရတာ အဆင်ပြေတယ်လို့ ခံစားမိတယ်ဆိုရင် သင့်စိတ်ပေါ့ပါးစေမယ့်အရာကိုသာ ၀တ်ဆင်ပါ။ သင့်ရဲ့ အပြင်ပန်းအသွင်အပြင်ဟာ သင့်အတွင်းစိတ် ပျော်ရွှင်အဆင်ပြေနေရင် သင်ကိုယ်တိုင် သက်တောင့်သက်သာရှိနေရုံမကပဲ တစ်ဖက်လူအတွက် မြင်ရကြည့်ရတာလည်း ဆက်စီကျပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top