iMyanmarHouse.com - Best Property Website for Myanmar
×











မိခင်နို့ကသာ ကလေးအတွက် အကောင်းဆုံးအစာအာဟာရလို့ ပြောကြတာကို ခင်ဗျားတို့လည်း သိကြပြီးသားပါ။ ဒါ့ကြောင့် သင့်အနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်တဲ့အခါမှာလည်း မိမိရင်သွေးကို မိခင်နို့ဆက်လက်တိုက်ကျွေးလိုတယ်ဆိုရင် အစီအစဉ်တကျအကွက်ချစီစဉ်ပါ။


ကံကောင်းစွာပဲ အလုပ်မှာ မိခင်တွေ နို့ရည်ညှစ်ထုတ်စုဆောင်းတာကို နာလည်သဘောပေါက်ခွင့်ပြုပေးလာတဲ့ အလုပ်ရှင်တွေ ပိုများလာတယ်။ ပြီးခဲ့တဲ့လက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်အတွင်း NTUC U Family က မိခင်နို့တိုက်ကျွေးရေးဦးစားပေးမူဝါဒတွေ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ဆုတံဆိပ်တွေနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ နို့တိုက်မိခင်တွေကို ကူညီပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ရွှေဆုတံဆိပ်တွေရရှိခဲ့ပါတယ်။

သို့တိုင်အောင်လည်း လုပ်ငန်းခွင်မှာ မိခင်နို့ရည်ညှစ်ထုတ်စုဆောင်းဖို့အတွက် ခက်ခဲနေဦးမယ့် အမျိုးသမီးတွေအများကြီး ရှိနေဦးမှာပါ။ ဒါ့ကြောင့် အခက်အခဲအတားအဆီးတွေပြေလည်ဖို့ အောက်ပါအချက်တွေကို သင်အနေနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်နိုင်ပါတယ်။

၁။ ရုံးမှာ မိခင်နို့ရည်ညှစ်ထုတ်မယ့်အကြောင်း သင့်အလုပ်ရှင်ကို ပြောပြပါ။
သင့်ရဲ့ အလုပ်ရှင်(အမျိုးသား သို့မဟုတ် အမျိုးသမီး)ကို သင့်ရဲ့ အဆိုပါဆုံးဖြတ်ချက်အကြောင်း ပြောပြထားပါ။ ဘယ်နှစ်ကြိမ်လောက်ဆိုတာမျိုး အပါအ၀င်ပေါ့။ အချို့အလုပ်နေရာတွေမှာ နို့တိုက်မိခင်တွေအတွက် နို့ရည်ညှစ်ထုတ်တဲ့အခန်းတွေနဲ နို့ညှစ်ချိန်ဆိုပြီး သတ်သတ်မှတ်မှတ် ကန့်သတ်ပံ့ပိုးပေးထားတာမျိုးတွေ ရှိပါတယ်။

၂။ သီးခြားနေရာတစ်ခုသတ်မှတ်ပါ။
သန့်ရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်ရမှာဆိုတော့ သန့်စင်ခန်းလို နေရာမျိုးတော့ လုံးဝကို မဖြစ်သင့်ပါဘူး။ နို့ရည်ညှစ်တဲ့ ပန့်ကို သွယ်တန်းအသုံးပြုဖို့အတွက် လျှပ်စစ်ပလပ်ပေါက်နဲ့ သက်သောင့်သက်သာထိုင်လို့ရမယ့်ခုံတစ်လုံးထားလို့ရမယ့် နေရာတစ်ခုရှိရပါမယ်။

၃။ အရည်အသွေးကောင်းတဲ့ နို့ရည်ညှစ်ပန့်ကို သုံးပါ။
အလုပ်မှာသုံးရမယ်ဆိုရင်တော့ သင့်အနေနဲ့ အရည်အသွေးမြင့်လျှပ်စစ်(နို့ရည်ညှစ်)ပန့်ကိုသာ သေချာပေါက်သုံးဖို့ အကြံပေးပါရစေ။ အချိန်ကုန်သက်သာချင်တဲ့သူတွေအတွက်ဆို လျှပ်စစ်နှစ်ခုတွဲပန့် (dual pump) ကို သုံးနိုင်ပါတယ်။ သူက single pump ထက်စာရင် နို့ရည်ပိုပြီးမြန်မြန်ကျအောင် လှုံ့ဆောင်ပေးပါတယ်။

၎။ လိုအပ်တာအကုန်ရှိပါစေ။
Hands-free pump ကို နေရာတကျထိန်းထားနိုင်ဖို့ဆို ကောင်းကောင်းကူညီထောက်ပံ့ပေးနိုင်တဲ့ nursing bra ရှိဖို့ အရမ်းအရေးကြီးပါတယ်။ မိခင်တွေဟာ သူတို့ရဲ့ ညှစ်ထုတ်ထားတဲ့နို့ရည်ကို အိမ်မပြန်ခင် လုပ်ငန်းခွင်မှာ မပျက်စီးအောင် ထိန်းသိမ်းထားချင်ရင် အပူချိန်ထိန်းတဲ့အိတ်တစ်အိတ်နဲ့ ရေခဲထုပ်တစ်ထုပ်လည်း လိုမှာပါ။ ခြုံလွှာတစ်ခုလည်း လိုအပ်ပါတယ်။ သဘက်လို ပ၀ါလိုမျိုးအရာတစ်ခုခုပေါ့။ ခြုံလွှာရှိမှ သင့်ကလေးကို နို့တိုက်တာပဲဖြစ်ဖြစ်၊ ကိုယ့်အလုပ်စားပွဲမှာပဲ နို့ရည်ညှစ်တာပဲဖြစ်ဖြစ် သင့်အတွက် လုံခြုံစေပါမယ်။

၅။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြပါ။
ရုံးမှာ နို့ရည်ညှစ်ထုတ်မယ့်အကြောင်း သင်နဲ့ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပေးသိထားပါ။ ဒါမှသာ သူတို့က သင့်ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မှာပေါ့။

၆။ နို့ရည်များများရဖို့ လုပ်ရမှာက နို့သာဆက်တိုက်၊ ဆက်ညှစ်ထုတ်ပေးပါ။
တခြားသီးခြားအစားအစာစားမှုပုံစံမလိုအပ်ပါဘူး။ အာဟာရဓာတ်တော့ စုံလင်ပစေပေါ့နော်။ ညဘက်ကျတော့ ကလေးကို မိခင်နို့နဲ့ တိုက်ရိုက်ထိတွေ့စေပြီး နို့တိုက်တာကလည်း နို့ထွက်အားကို ပိုကောင်းစေနိုင်ပါတယ်။ ညဉ့်နက်နဲ့ ဝေလီဝေလင်းအချိန်တွေမှာ သင့်ကလေးက နို့စို့ချင်လာတယ်ဆိုလည်း တုံ့ဆိုင်းမနေပါနဲ့။ မိခင်နို့သာ တိုက်ရိုက်တိုက်လိုက်ပါ။

Credit :ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top