iMyanmarHouse.com - Best Property Website for Myanmar
×

စာရေးဆရာ Dave Egger ရဲ့ ရောင်းအားအကောင်းဆုံး ၀တ္ထုရှည် ‘The Circle’ ကို မှီငြမ်းထားတဲ့ ဒါရိုက်တာ James Ponsoldt ရဲ့ ရုပ်ရှင်ကားမှာ မင်းသားကြီး Tom Hanks နဲ့ အတူ Emma Watson က အတူတူပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

စက်တင်ဘာလအတွင်း ကယ်လီဖိုးနီးယားမှာ ရိုက်ကူးမှုစတင်မှာဖြစ်ပါတယ်။ The Circle ရုပ်ရှင်ကားကို Playtone ထုတ်လုပ်ရေးက Tom Hanks နဲ့ Gary Goetzman၊ Likely Story ထုတ်လုပ်ရေးက Anthony Bregman နဲ့ ဒါရိုက်တာ Ponsoldt တို့ ပူးတွဲထုတ်လုပ်မှာဖြစ်ပါတယ်။

Emma Watson ဟာ Circle လို့ ခေါ်တဲ့ အင်အားကြီးနည်းပညာကုမ္ပဏီတစ်ခုမှာ ရာထူးကြီး တစ်ခုအတွက် ခန့် ထားခံခဲ့ရတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်မှာဖြစ်ပါတယ်။

အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စုဆောင်း၊ လေ့လာဆန်းစစ်ကာ ကုမ္ပဏီအကျိုးစီးပွားအတွက် အသုံးပြုပြီး အသုံးပြုသူတွေရဲ့ သီးသန့် လွတ်လပ်မှုကို ချိုးဖောက်ခံနေရတဲ့ ဒီဂျစ်တယ်ခေတ်က အန္တရာယ်တွေ အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ လှို့ဝှက်သည်းဖိုရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။

“ Emma Watson က ကျွန်တော့်ရဲ့အကြိုက်ဆုံးသရုပ်ဆောင်တွေထဲက တစ်ယောက်ပါ။ သူမရဲ့ ထူးခြားတဲ့ အရည်အချင်း၊ သိမ်မွေ့ နူးညံ့မှုနဲ့ ဥာဏ်ရည်မြင့်မားမှုတို့ က ဒီ ‘The Circle’ ရုပ်ရှင်ကားကို အသက်ဝင်စေမယ့်စွမ်းအင်မျိုး ပေးနိုင်ပါလိမ့်မယ်” လို့ ဒါရိုက်တာ Ponsoldt က ပြောကြားခဲ့ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top