iMyanmarHouse.com - Best Property Website for Myanmar
×










Dane Cook တစ်ယောက် Miley Cyrus နဲ့ စုံတွဲခုတ်နေတာ မဟုတ်ပါဘူးလို့ ဗုဒ္ဓဟူးနေ့က ဟာသနှောပြီး ငြင်းဆိုသွားပါတယ်။

အသက် ၄၃နှစ်အရွယ် ဟာသမင်းသားက ၂၂နှစ်အရွယ် နာမည်ကျော်အဆိုတော်နဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်းကို “ ကျွန်တော်က အမြဲတမ်း နောက်ဆုံးမှ သိရတဲ့လူပါပဲ။ ည ၈နာရီကျရင် ညစာစားဖို့ လာခေါ်မယ့်အကြောင်းသာ Miley ကို ပြောလိုက်ပါ” လို့ ရယ်ရယ်မောမောနဲ့ E!News ကို ပြောကြားသွားပါတယ်။

Weekly မဂ္ဂဇင်းရဲ့ သတင်းတစ်ပုဒ်အရ Cook နဲ့ Cyrus တို့ဟာ “ စုံတွဲခုတ်နေကြတယ်” လို့ ဆိုပါတယ်။သူတို့၂ဦးဟာ ၂၀၁၃ ဒီဇင်ဘာလတုန်းက ကပွဲပါတီတစ်ခုမှာ အတူတကွတွေ့ရှိခဲ့ရပြီး ဟာသသရုပ်ဆောင်က Partick Schwarzenegger နဲ့လမ်းခွဲခဲ့တဲ့ Cyrus ကို အများကြီးကူညီစောင့်ရှောက်ခဲ့ပါတယ်။

Cook ဟာ မင်းသမီး Raquel Houghton နဲ့ တွဲခဲ့ပြီး အဆိုတော် Jessica Simpson ၊ Nicole Scherzinger တို့နဲ့လည်း ပတ်သက်မှုရှိခဲ့ပါတယ်။ မော်ဒယ် Stella Mazwell က အောက်တိုဘာလထုတ် Elle U.K မှာ လူလွတ်ဖြစ်ပါတယ်လို့ ပြောခဲ့သော်လည်း Cook နဲ့တွဲနေတယ်ဆိုတဲ့ ကောလဟာလ ထွက်ခဲ့ဖူးပါသေးတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top