iMyanmarHouse.com - Best Property Website for Myanmar
×











သူငယ်ချင်းတွေနဲ့ အွန်လိုင်းမှာ အချိန်ကုန်တတ်သူ ကလေးငယ်တွေဟာ အိပ်ရေးပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်း နဲ့ စိုးရိမ်မှု လွန်ကဲတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အွန်လိုင်း အသုံးပြုတဲ့ ကလေးငယ်တွေဟာ ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ ပို့ စ်တွေ၊သတင်းတွေကို လက်လွှတ်လိုက်ရမှာ စိုးရိမ်ပူပန် တတ်ကြပြီး ဆိုရှယ်မီဒီယာကို တတ်နိုင်သမျှ ကြာကြာတက်နေနိုင်ဖို့ အတွက် ဖိအားတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

ဆယ်ကျော်သက်ကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆိုရှယ်မီဒီယာအကောင့်တွေ ရှိနေကြပြီး အီလက်ထရောနစ်ပစ္စည်းတွေကို ညအိပ်ချိန်ထိ စွဲစွဲမြဲမြဲသုံးတတ်တဲ့ချာတိတ်တွေဟာ စိတ်ခံစားမှုပိုင်း ဆိုင်ရာပြဿနာတွေဖြစ်နိုင်ခြေ ရှိကြောင်း တွေ့ ရှိခဲ့ရပါတယ်။ အဆိုပါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ အရွယ်ရောက်ချိန်အထိ ဆက်လက်ပါရှိသွားနိုင်တယ်လို့  Glasgow University က ဒေါက်တာ Heather Cleland Woods က ပြောကြားခဲ့ပါတယ်။

ယခု ဗြိတိန်စိတ်ပညာလေ့လာမှုအသင်းအဖွဲ့ မှာ တင်သွင်းထားတဲ့ သူမရဲ့ လေ့လာမှုဟာ ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ က ဆယ်ကျော်သက်ပေါင်း ၄၆၇ ယောက်ကို တစ်နေ့ တာနဲ့ ညအချိန် ဆိုရှယ်မီဒီယာ အသုံးပြုပုံကို စစ်တမ်းကောက်ယူ ထားတာဖြစ်ပါတယ်။ ထို့ နောက် ထိုဆယ်ကျော်သက်တွေရဲ့ အိပ်စက်မှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ Facebook၊ Twitter တို့ လို ဆိုရှယ်မီဒီယာက သူတို အပေါ် သက်ရောက်တဲ့ ဖိအားတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

တစ်နေ့ တာလုံး ဆိုရှယ်မီဒီယာ အသုံးပြုမှု၊ ညဘက် သီးသန့် အသုံးပြုမှုနဲ့ ဆိုရှယ်မီဒီယာတွေအပေါ် စိတ်ခံစားချက် ထည့်အသုံးပြုမှုတွေက အိပ်စက်မှုအပေါ် သိသာတဲ့ သက်ရောက်မှုရှိခဲ့ပြီး စိတ်ဓာတ်ကျမှု နဲ့ စိတ်သောကဖြစ်မှု လည်း များပြားတာကို ဆက်စပ်တွေ့ ရှိခဲ့ရပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လူကြီးမိဘတွေက အချိန်သတ်မှတ်ပေးတာမျိုး၊ ညဘက် မသုံးဖို့ တားမြစ်တာမျိုးနဲ့ သူတို့ ရဲ့အသုံးပြုပုံတွေကို လေ့လာစောင့်ကြည့်ဖို့ လိုအပ်ကြောင်း Dr Cleland Woods က ထပ်မံပြောကြားခဲ့ပါတယ်။

မကြာသေးမီက Ottawa က ကျောင်းနေအရွယ် ကလေးငယ် ၇၀၀ ကျော်ကို လေ့လာမှုပြုလုပ်ခဲ့ရာမှာလည်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေး မကောင်းမွန်သူတွေဟာ  စိတ်ပိုင်းဆိုင်ရာ သာမန်ကလေးငယ်တွေထက် ဆိုရှယ်မီဒီယာ အသုံးပြုမှု ပိုများပြီး တစ်နေ့ ကို နှစ်နာရီကျော် အသုံးပြုတတ်ကြကြောင်း တွေ့ ရှိခဲ့ရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top