iMyanmarHouse.com - Best Property Website for Myanmar
×











လူအများစုဟာ gym ကစားကြတဲ့ အချိန်မှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကစားကြပါတယ်။ တချို့ကတော့ ၀ိတ်ကျချင်လို့ တချို့ကတော့  လူတိုင်းငေးကြည့်ရတဲ့ ခန္ဓာကိုယ်အချိုးအစားကို တည်ဆောက်ချင်တဲ့အတွက် gym ကစားကြပါတယ်။ဘယ်လိုရည်ရွယ်ချက်နဲ့ ကစားသည်ဖြစ်စေ  gym ကစားခြင်းဟာ မိမိအတွက် ကောင်းက်ျိုးတွေကိုသာ ပေးစွမ်းနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်တွေအရ  နေ့စဉ်ပုံမှန်  gym ကစားခြင်းဟာ  ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို ပိုမိုတိုးတက်လာစေပြီး အာရုံစူးစိုက်မှုအားကောင်းလာစေတယ်လို့လည်း သိရပါတယ်။

gymကစားခြင်းဟာရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေကိုလည်း ပြုပြင်ပေးတယ်လို့
သိရပါတယ်။ရုံးမှာ ဖိအားတွေများလာရင်  gym ဆီကိုအရောက်သွားပြီး ချွေးဒီးဒီးကျတဲ့အထိ အားကစားလုပ်လိုက်ခြင်းဟာ မိမိရဲ့ ဖိအားတွေကို တစ်ဝက်လောက်အထိ သက်သာသွားစေတယ်လို့ သိရပါတယ်။

အကြောင်းရင်းကတော့   gym ကစားခြင်းဟာ  endorphins လို့ခေါ်တဲ့ လူတွေကို ကျေနပ်ပျော်ရွှင်စေတဲ့ ဓာတ်တစ်မျိုးကိုအဆက်မပြတ်ထုတ်လွှတ်ပေးနေလို့ပဲ ဖြစ်ပါတယ်။ဒါ့အပြင် နှလုံးရောဂါ၊
 သွေးတိုးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။လူတွေရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်တွေကိုလည်း  ဆီလျော်အောင် ထိန်းညှိပေးသွားနိုင်ပါတယ်။မိမိ ခန္ဓာကိုယ်ကို သုံးလအတွင်း စမတ်ကျလှပစေရမယ်လို့ အာမခံထားပါတယ်။

ဒါ့အပြင် gym ကစားခြင်းဟာ   မိမိကိုယ်ကို ယုံကြည်မှုတိုးတက်လာအောင်  ကူညီပေးတယ်လို့ပြောပါတယ်။ မည်သည့် အချိန်တွင် ကစားသည်ဖြစ်စေ  အချိန်မှန်မှန် ကစားဖို့တော့လိုတယ်လို့လည်း အကြံပြုထားပါတယ်။


Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top