iMyanmarHouse.com - Best Property Website for Myanmar
×

James Bond ရုပ်ရှင်ကားသစ် ‘Spectre’ ရဲ့ ဇာတ်ဝင်သီချင်းကို အသံသွင်းပြီးပြီ ဖြစ်ကြောင်း Sam Smith က ပြောကြားလိုက်ပါတယ်။

“ ကျွန်တော့်ဘ၀ရဲ့စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်တွေထဲက တစ်ခုဖြစ်ပါတယ်” လို့ ဗြိတိသျှ အဆိုတော် Sam Smith က Twitter မှာ ရေးသားခဲ့ပါတယ်။ လာမည့် Bond ရုပ်ရှင်ဇာတ်ဝင်သီချင်းကို သီဆိုမှာဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာအသိပေးအပ်ကြောင်း Sam Smith က ရေးသားခဲ့ပါတယ်။

Sam Smith က ဇန်န၀ါရီလထဲက သီချင်းကို အသံသွင်းပြီးတာဖြစ်ပြီး ဒီသီချင်းဟာ သူရေးဖူးသမျှ သီချင်းတွေထဲမှာ အမြန်ဆုံးရေးနိုင်တဲ့ သီချင်းဖြစ်တယ်လို့ BBC Radio 1 အစီအစဉ်ကို ပြောပြခဲ့ပါတယ်။“ ဒါကို လှို့ဝှက်ထားရတာက ကျွန်တော့်အတွက် ထိပ်တန်း လှို့ဝှက်မစ်ရှင် တစ်ခုပေါ့။ ဒီသီချင်းအကြောင်း တကယ်ထုတ်ပြောလိုက်ရတဲ့အတွက် အခုမှပဲ အသက်ရှူချောင်တော့တယ်” လို့  Smith က ပြောပြခဲ့ပါတယ်။

ဇာတ်ဝင်သီချင်းကို ‘Writing’s on the Wall’ လို့ အမည်ပေးထားပြီး စက်တင်ဘာ ၂၅ ရက်နေ့ မှာ ထွက်ရှိမှာဖြစ်ပါတယ်။ Bond ဇာတ်ကားသစ် ‘Spectre’ ကတော့ အင်္ဂလန်မှာ အောက်တိုဘာ ၂၆ ရက်နေ့ နဲ့ အမေရိကားမှာ နိုဝင်ဘာ ၆ ရက်နေ့ စတင်ပြသမှာဖြစ်ပါတယ်။

၁၉၆၅ ခုနှစ် Bond ဇာတ်ကား Thunderball ကို Tom Jones က ဆိုပြီးနောက် နှစ် ၅၀ အကြာမှာ ဗြိတိသျှ လူမျိုး အမျိုးသားအဆိုတော်တစ်ယောက်က Bond ဇာတ်ဝင်သီချင်းကို ပြန်လည်သီဆိုခြင်းဖြစ်ပါတယ်။ Bond ဇာတ်ဝင် သီချင်းကို နောက်ဆုံး သီဆိုခဲ့တဲ့ အမျိုးသားအဆိုတော်ကတော့ ၂၀၀၆ ခုနှစ် Casino Royale ဇာတ်ကားရဲ့ ‘You Know My Name’ ဇာတ်ဝင်သီချင်းကို သီဆိုခဲ့တဲ့ Chris Cornell ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top