iMyanmarHouse.com - Best Property Website for Myanmar
×










စူပါစတား Beyonce နဲ့ Jay Z တို့ ဟာ ကွာရှင်းပြတ်စဲလုနီးနီးဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့စုံတွဲဟာ အိမ်ထောင်ရေးပြိုကွဲတော့မှာဖြစ်ကြောင်း သတင်းတွေကို မကြာခဏရင်ဆိုင်ခဲ့ရပြီး၊ ယခုတစ်ခါမှာလည်း Beyonce ရဲ့ ၃၄ နှစ်မြောက်မွေးနေ့ အပြီးမှာ InTouch မဂ္ဂဇင်းက သူတို့ နှစ်ယောက်ဟာ ပြတ်စဲတော့မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

“ သူတို့ အိမ်ထောင်ရေးကဆုံးခန်းတိုင်သွားပါပြီ။ Bey ဟာ ဟန်ဆောင်ပျော်ရွှင်နေရတာကို စိတ်ကုန်လာပြီး သူတို့ အိမ်ထောင်ရေးကိုဇာတ်သိမ်းလိုက်ပြီဖြစ်ပါတယ်”

၂၀၁၄ ခုနှစ် Met Gala ပါတီအပြီးမှာ Beyonce ရဲ့ ညီမ Solange Knowles က ခဲအိုဖြစ်သူ Jay Z ကို ဓာတ်လှေကားအတွင်းမှာ တိုက်ခိုက်ခဲ့တဲ့ ဗီဒီယို ပေါက်ကြားခဲ့ပြီးနောက် Beyonce နဲ့  Jay Z တို့ အတွဲဟာ အဆင်မပြေဖြစ်နေခဲ့ကြတာဖြစ်တယ်လို့ မဂ္ဂဇင်းက ဆိုပါတယ်။

အတွင်းသတင်းပေးသူတစ်ယောက်က Beyonce ဟာ ဘ၀ကို ရှေ့ ဆက်လျှောက်လှမ်းနေပြီဖြစ်ကြောင်း သူမရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို ပြောကြားခဲ့ပြီး သူတို့ စုံတွဲရဲ့ အိမ်ထောင်ရေးဟာ ပြီးဆုံးတိုင်ပြီ ဆိုတာကို မကြာခင် လူသိရှင်ကြားကြေငြာမှာဖြစ်တယ်လို့ သိရပါတယ်။

Credit : ThitHtooLwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top