iMyanmarHouse.com - Best Property Website for Myanmar
×













ဟောလီးဝုဒ် မင်းသမီးကြီး Julia Roberts တစ်ယောက် ကွာရှင်းတော့မှာလား? သူမနဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ Danny Moder တို့ဟာ တစ်ယောက် တစ်လမ်း စီ ဆက်လက်လျှောက်လမ်းကြဖို့ ပြင်ဆင်နေကြပါပြီ။

Radar Online သတင်းဌာန က ဖော်ပြခဲ့တာကတော့ Julia Roberts တစ်ယောက် နယူးယော့ခ် ဖက်ရှင် ရက်သတ္တပတ် မှာ Givenchy အမှတ်တံဆိပ် ရဲ့ ရှိုးပွဲအပြီး သူမရဲ့ ကယ်လီဖိုးနီးယား နေအိမ်မှာ အိမ်ရွှေ့ပြောင်းဝန်ဆောင်မှု ပေးတဲ့ ထရပ်ကား တွေ ကို တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

"သူတို့ အိမ်ထောင်ရေးက အဆင်မပြေတော့ပါဘူး။ ပိုက်ဆံ နဲ့ ဆိုင်တဲ့ ပြသနာတွေအများကြီးရှိနေပါတယ်" လို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ခိုင်လုံတဲ့ သတင်းအရင်းအမြစ် တစ်ယောက် က ပြောကြားခဲ့တာကတော့ Julia Roberts ဟာ Moder ရဲ့ ဖခင်အတွက် ထောက်ပံ့ငွေတွေကို ၅ နှစ်လောက် ဆက်တိုက် ထောက်ပံ့ ခဲ့ရတယ်လို့ သိရပါတယ်။

Julia Roberts နဲ့ Danny Moder တို့မှာ အသက် ၁၀ နှစ်အရွယ် Hazel နဲ့ Phinnaeus ဆိုတဲ့ အမြွှာ ၂ ယောက် နဲ့ အသက် ၈ နှစ်အရွယ် Henry ဆိုတဲ့ သား တစ်ယောက်လည်း ရှိပါတယ်။ သူတို့ ၂ ယောက်ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့်လည်း တနလာင်္နေ့ကပဲ သူမတို့ မိသားစု ဟာ ဘောလုံးပွဲ အတူ သွားကြည့်နေကြပြီး Julia Roberts ရဲ့ လက်မှာလည်း လက်ထပ် လက်စွပ် ကို ဆက်လက် ၀တ်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။

တစ်ကယ်တော့ Pretty Woman ဇာတ်လမ်း ရဲ့ မင်းသမီး Julia Roberts နဲ့ သူမရဲ့ခင်ပွန်းဟာ အိမ်ထောင်သက် ၁၃ နှစ်ရှိနေပါပြီ။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top