iMyanmarHouse.com - Best Property Website for Myanmar
×










ရက်ပ် အဆိုတော် Kanye West တစ်ယောက် သူ့ရဲ့ ဇနီး Kim Kardashian အပေါ် သစ္စာ ဖောက်ခဲ့ပါသလား? သတင်းဖော်ပြချက် တစ်ခုအရ Mr နဲ့ Mrs West တို့ရဲ့ ဒီဇင်ဘာလ မှာ မွေးဖွားမယ့် ဒုတိယ မြောက် ရင်သွေး နဲ့ ပတ်သက်ပြီး ပြသနာ တွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

Radar Online သတင်းဌာန ကို ခိုင်လုံတဲ့ သတင်းအရင်းအမြစ် တွေ ပြောပြခဲ့တာက Kim Kardashian ဟာ သူမရဲ့ ခင်ပွန်း ဖုန်းထဲမှာ မေးခွန်းထုတ်စရာ မက်ဆေ့ဂ်ျ တွေ တွေ့ခဲ့ရတယ်လို့ ရေးသားထားပါတယ်။ သတင်းအရင်းအမြစ် ရဲ့ ပြောပြချက်အရတော့ ထို မက်ဆေ့ဂ်ျတွေဟာ Kanye ရဲ့ ရည်းစားဟောင်း တစ်ယောက် က ပေးပို့ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

" Kim ဟာ ဒေါသ ထွက်နေပြီး Kanye ကိုလည်း သူ့အပေါ် သစ္စာဖောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ Kanye က ပြန်ဖြေရှင်းထားတာတော့ သူ့ရဲ့ ရည်းစားဟောင်းက သူမ အလုပ်လုပ်နေတဲ့ ပရောဂျက် တစ်ခုနဲ့ ပတ်သက်ပြီး ရိုးရိုးတန်းတန်း မေးမြန်းထားတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် Kim ပြောတာတော့ မက်ဆေ့ဂ်ျတွေဟာ မြူဆွယ်တဲ့ပုံစံ ဖြစ်တယ်တဲ့" လို့ သူတို့မိသားစု နဲ့ ရင်းနှီးသူတစ်ဦးကဆိုပါတယ်။

ဒါ့အပြင် Kim Kardashian ဟာ Kanye West ရဲ့ မိုဘိုင်းလ် ကိရိယာ တွေ ၊ အီးမေးလ် တွေ ၊ မက်ဆေ့ဂ်ျ တွေ အားလုံးကို သူမကိုယ်တိုင်သုံးစွဲ ခွင့် ရယူပြီး စောင့်ကြည့်နေတယ်လို့ လည်း သိရပါတယ်။

Kanye West နဲ့ Kim Kardashian တို့ ဇနီးမောင်နှံဟာ အမြဲတမ်း ကြည်နူးဖို့ ကောင်းခဲ့ကြပါတယ်။ အရမ်းလည်း ချစ်ကြပြီး အင်တာနက် မှာ အမြဲမြင်နေရတဲ့ သူတို့ ၂ ယောက်ရဲ့ အကြောင်းတွေက ကဗျာဆန်လှပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း သူတို့ ဇနီးမောင်နှံဟာ MTV ဗီဒီယို ဂီတ ဆုပေးပွဲ မှာ ပျော်ရွှင်စွာ တက်ရောက်လာတာကိုလည်း တွေ့မြင်ခဲ့ရပြီးပါပြီ။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top