ဝေဖန်မှုတွေထက် အယ်လ်ဘမ် အသစ်ကို ပိုပြီး စိတ်ပါနေတယ်ဆိုတဲ့ Selena Gomez
အဆိုတော်မလေး Selena Gomez ဟာ သူမရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ကိုယ်အလေးချိန် နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ဆက်တိုက်ဆိုသလို ခံနေရရှာပါတယ်။
ဒါပေမယ့်လည်း Selena ဟာ သူမ အပေါ် ဝေဖန်မှု တွေကို လစ်လျူရှုပြီး သူမရဲ့ အယ်လ်ဘမ် အသစ် Revival ပေါ်မှာ သူမရဲ့ စိတ်က လွှမ်းမိုးမှု ရှိနေတဲ့အကြောင်းတွေကို ဖွင့်ဟပြောပြလိုက်ပါတယ်။
Extra သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ အသက် ၂၃ နှစ်အရွယ် Selena Gomez က အခုလိုဝန်ခံထားပါတယ်။
"ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ ကိုယ်အလေးချိန်တိုးလာမှု အပေါ်ကျရောက်လာတဲ့ အမုန်းများစွာကို ကျွန်မရရှိခဲ့ပါတယ်။ ကျွန်မဟာ မက္ကဆီကိုမှာရောက်ရှိနေခဲ့ပြီး ဒါတွေအားလုံးကို ကျွန်မခံစားခဲ့ရပါတယ်။ အကယ်၍ကျွန်မက နာကျင်တဲ့ခံစားချက်တွေမရှိခဲ့ဘူးလို့ပြောရင် ကျွန်မ လိမ်နေတာလည်း ဖြစ်နိုင်ပေမယ့် ကျွန်မဟာ ဒါတွေကို ကျွန်မရဲ့ ဂီတ အဖြစ် ပြောင်းလဲလိုက်မယ့် လူ ပဲဖြစ်ပါတယ်။" လို့ Selena က ဆိုပါတယ်။
အဲဒီလို Selena Gomez အပေါ်ဝေဖန်ထားတဲ့ ထင်မြင်ချက်တွေဟာ သူမအနေနဲ့ လာမယ့် အယ်လ်ဘမ် အသစ်အတွက် သူမ အကြိုက်ဆုံး ပရိုဂျူဆာတွေနဲ့ သီချင်းရေးဆရာ တွေနဲ့အတူ အလုပ်လုပ်ဖို့ မက္ကဆီကို ကိုရောက်ရှိနေတုန်းမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Selena Gomez ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက မိုင်ယာမီ ကမ်းခြေမှာ အမိုက်စား ရေကူးဝတ်စုံ ၀တ်ဆင်ထားတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာပြီး ထိုဓါတ်ပုံတွေထဲမှာ တော့ သူမဟာ အနည်းငယ် ကိုယ်အလေးချိန်တိုးလာတဲ့ အနေအထားမှာ ဖြစ်နေတာကြောင့် ဒီလိုဝေဖန်မှု တွေထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
Credit : thithtoolwin
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...