Sum 41 တီးဝိုင်းအဆိုတော် Deryck Whibley နဲ့ Ariana Cooper တို့ လက်ထပ်
ခက်ခဲတဲ့နှစ်တွေကို အတူဖြတ်ကျော်ခဲ့ကြပြီးနောက်မှာ Sum 41 တီးဝိုင်း အဆိုတော်၊ ဂီတာသမား Deryck Whibley နဲ့ မော်ဒယ် Ariana Cooper တို့ ဟာ တနင်္ဂနွေနေ့ က Los Angeles မှာ လက်ထပ်ခဲ့ကြပါတယ်။
Deryck Whibley ဟာ လွန်ခဲ့တဲ့နှစ်က အရက်အလွန်အကျွံသောက်သုံးမှုကြောင့် သေမလို ဖြစ်ခဲ့ပေမယ့် အခုအခါ မှာတော့ လုံးဝပြောင်းလဲသွားတာကို မြင်တွေ့ ရမှာပါ။ သူတို့ စုံတွဲမှာ အယ်ကိုဟော မပါဝင်တဲ့ ဖျော်ရည်နဲ့ ပဲ မင်္ဂလာဆုတောင်း လုပ်ခဲ့ကြပါတယ်။ Sum 41 ခေါင်းဆောင်အဆိုတော် Deryck Whibley ဟာ Avril Lavigne နဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ အထိ သုံးနှစ်ကြာ လက်ထပ်ခဲ့ဖူးပြီး ဒါဟာ သူ့ ရဲ့ ဒုတိယမြောက်မင်္ဂလာပွဲဖြစ်ပါတယ်။
အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် အသည်းနဲ့ ကျောက်ကပ်တွေ ပျက်စီးခဲ့ရပြီး သေလုနီးနီးဖြစ်ခဲ့ကြောင်းကိုလည်း မနှစ်က ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ “ ကျွန်တော်နေ့ တိုင်း အသားကုန်သောက်နေခဲ့တယ်။ တစ်ညမှာတော့ ညသန်းခေါင်လောက် အိမ်မှာ နောက်တစ်ခွက်မော့၊ ရုပ်ရှင်တစ်ကားလောက်ကြည့်မလို့ လုပ်နေတုန်း ရုတ်တရက် နေလို့ မကောင်း ဖြစ်လာတယ်။ နောက် ကျွန်တော် ကြမ်းပြင်ပေါ် သတိလစ် လဲကျသွားခဲ့တယ်။ ကျွန်တော် အရက် ထပ်သောက်လို့ မရတော့ဘူးဆိုတာ နောက်ဆုံး ကျွန်တော် သိလိုက်ရပါတယ်။ ကျွန်တော် တစ်ခွက်လောက် သောက်ရင်ကို သေရလိမ့်မယ်လို့ ဆရာဝန်တွေက ပြောပြတယ်” လို့ Deryck က ဖွင့်ဟခဲ့ဖူးပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...