iMyanmarHouse.com - Best Property Website for Myanmar
×










မိမိအချစ်ရေးကို ပိုမိုခိုင်မြဲစေလိုတဲ့ စုံတွဲတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ် unfriend လုပ်ကြပါဆိုပြီး ကုထုံးဆရာတစ်ဦးမှ မျှော်လင့်မထားတဲ့ အကြံပြုချက် ပေးခဲ့ပါတယ်။

နယူးယော့ခ် အခြေစိုက်တဲ့ ချစ်သူစုံတွဲများအား အကြံပေးပုဂ္ဂိုလ် Ian Kerner က ခဏအတွင်း ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုလုပ်ခဲ့ပြီး ယင်းက သူ့အိမ်ထောင်ဘဝကို ဘယ်လိုမျိုး ထိခိုက်စေခဲ့တဲ့အကြောင်း PRI ကို ပြောပြခဲ့တယ်။ 

“မိမိဇနီးနဲ့ ဖေ့စ်ဘွတ်ခ်မှာ friend မဖြစ်ချင်ဘူး။ အဲဒီ သတင်းအချက်အလက် အပိုတွေအားလုံး လည် မလိုချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အတင်းအချက်အလက် နည်းနည်းပဲ ရချင်တယ်။ လျို့ဝှက်ဆန်းကြယ်ပြီး ကြိုတင်ခန့်မှန်းလို့ မရတဲ့အရာတွေများများ ပိုပြီး လိုချင်တယ်လို့” သူက ပြောဆိုခဲ့တယ်။

သူပင်ပန်းနေတဲ့အကြောင်း သို့မဟုတ် ဒီနေ့ ကော်ဖီသုံးခွက်မြောက် သောက်နေပါတယ်ဆိုတဲ့အကြောင်း ပို့စ်တွေ မသိချင်ဘူး။ အဲ့ဒီတော့ သူ့ကို ဖေ့စ်ဘွတ်ခ်မှာ unfriend လုပ်လိုက်တယ်။ ဒါကို ချစ်သူစုံတွဲတွေကို အကြံပေးချင်တဲ့ အရာတစ်ခုပါ။

ကမ္ဘာတစ်ဝှမ်းရှိလူတွေ သူတို့ဘဝကို အွန်လိုင်းပေါ် ကုန်ဆုံးစေခဲ့တာ ပိုပိုများလာတာကြောင့် လူဦးရေ ၁.၄ ဘီလီယံဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရှိနေတယ်။

ဒါပေမယ့် Kerner ကတော့ ဖေ့စ်ဘွတ်ခ်က မိမိတို့ ဘဝမှာ ဖြစ်ပျက်တဲ့ နောက်ဆုံးအခြေအနေအရပ်ရပ်ကို အချိန်နဲ့ တစ်ပြေးညီသိရှိစေနိုင်ကာ ပိုမိုနီးစပ်တဲ့ ခံစားချက်ဖြစ်စေပေမယ့် လျို့ဝှက်ကြယ်ဆန်းမှု အနည်းကျဉ်းလေးတော့ ချန်ထားဖို့ အရေးကြီးတယ်လို့ ထင်နေပါတယ်။

ချစ်ရေးချစ်ရာမှာ ရှိနေတယ်ဆိုတာ အမှတ်တမဲ့ဖြစ်တဲ့အရာတွေ၊ ကြိုတင်ပြီး ခန့်မှန်းလို့မရတဲ့ အရာတချို့ ရှိနေချင်ကြတဲ့နေရာလေးဖြစ်တယ်လို့ သူထပ်လောင်းပြောဆိုသွားပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top