iMyanmarHouse.com - Best Property Website for Myanmar
×










One Direction ရဲ့ အဖွဲ့ဝင်ဟောင်း Zayn Malik ဟာ One Direction အဖွဲ့ကနေ ထွက်ပြီးတဲ့နောက် အသံသွင်း စတူဒီယိုခန်းထဲမှာ စိတ်ဝင်တစား အလုပ်လုပ်နေတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ ပရိတ်သတ်တွေအတွက် Instagram ကတစ်ဆင့် မျှဝေလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် Zayn ဟာ လက်ပ်တော့တစ်လုံး ၊ စန္ဒယားတစ်ခုနဲ့ စပီကာတွေ ရှေ့မှာ အာရုံဝင်စားနေတဲ့ ဓါတ်ပုံတစ်ပုံကို မျှဝေခဲ့တာပဲ ဖြစ် ပါတယ်။

ထူးခြားချက်အနေနဲ့ Zayn ဟာ Little Mix အဖွဲ့က Perrie Edwards နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ အဖြူအမည်းဓာတ်ပုံတွေကို မှန်မှန်တင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ ပဲ သူ့ရဲ့ အလုပ်ဟာ ဘယ်လောက်ထိ ခရီးရောက်နေပြီဆိုတဲ့ သဲလွန်စ ကိုတော့ မဖော်ပြထားပါဘူး။

ဓာတ်ပုံတွေထဲမှာတော့ One Direction အဖွဲ့ဝင်ဟောင်း Zayn ဟာ အချစ်ဟောင်းကို သတိရနေတဲ့ ရီဝေေ၀မျက်လုံးတွေနဲ့ ကင်မရာကို စိုက်ကြည့်နေခဲ့ပါတယ်။ ဒါ့အပြင်သူဟာ ထို ဓာတ်ပုံထဲမှာ သူ့ရဲ့ လက်ဖျံပေါ်က တက်တူးတွေကိုလည်း ကြွားထားပါသေးတယ်။

Bradford မြို့သား Zayn ဟာ ဒီနှစ် မတ်လ မှာ သူ့ရဲ့ အဖွဲ့ One Direction ကနေ ခွဲထွက်လာပြီးကတည်းက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေ အတွက် လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ဆွဲဆောင်မှု ရှိတဲ့ ရုပ်ရည်ကို မော်ဒယ်လ် တစ်ယောက်လို အသုံးချနေတာကိုတော့ အံ့သြစရာ မရှိပါဘူး။

Credit :ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top