iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတ လောကထဲမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အဆိုတော် Adele ကို သူမရဲ့ သီချင်းအသစ်တစ်ပုဒ်(နမူနာ) နဲ့ အတူ ပရိတ်သတ်တွေ ရှေ့ပြန်ရောက်လာပါတယ်။

X Factor အစီအစဉ်အတွင်းမှာ အသက် ၂၇ နှစ်ရှိနေပြီဖြစ်တဲ့ Adele ဟာ ၃ နှစ်တာအတွင်းမှာ ပထမဆုံး လို့ ဆိုနိုင်မယ့် စက္ကန့် ၂၀ စာ သီချင်းအသစ် ရဲ့ နမူနာ ဗီဒီယို လေးကို ဝေမျှ ပြသ ပေးခဲ့တာဖြစ်ပါတယ်။ ထို ဝေမျှပေးခဲ့တဲ့ ဗီဒီယို ဟာ Adele ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတာတော့ မဟုတ်ပါဘူး။

ဗီဒီယို မှာတော့ အနက်ရောင် နောက်ခံ ကာလာ အပေါ်မှာ စာသားတွေကို ဖော်ပြထားတာ ဖြစ်ပြီး Adele ရဲ့ အသံကတော့ ထို စာသားတွေ ကို သီဆိုနေပါတယ်။

Adele ဟာ ၂၀၁၂ ခုနှစ်က သူမရဲ့ အောင်မြင်ခဲ့တဲ့ သီချင်း Skyfall ကို ထုတ်လုပ်ပြီးနောက်ပိုင်း သီချင်းအသစ် တွေထွက်မလာတော့ တာပဲ ဖြစ်ပါတယ်။ သူမ နောက်ဆုံး ထုတ်လုပ်တဲ့ အယ်လ်ဘမ် "21" ဟာလည်း ၂၀၁၁ ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်နေပါတယ်။ ထို သီချင်းကို Adele ဟာ ကိုယ်တိုင်လည်း ပါဝင်ရေးစပ်ထားခဲ့ပြီး ဂျိမ်းစ်ဘွန်း ဇာတ်လမ်း ဇာတ်ဝင်တေး အဖြစ် အသုံးပြုခဲ့ရာကနေ ကမ္ဘာနဲ့ချီ အောင်မြင်သွားခဲ့တဲ့အတွက် Adele ဟာ ၂၀၁၂ ခုနှစ်မှာ ဂရမ်မီဆု ရရှိခဲ့ပါတယ်။

"Rolling in the Deep" ဆိုတဲ့ သီချင်းနဲ့ အတူ ဂီတ လောက ထဲဝင်လာခဲ့တဲ့ Adele ဟာ လက်ရှိမှာ သူမရဲ့ တတိယ မြောက် စတူဒီယို အယ်လ်ဘမ်ကို ထုတ်လုပ်ဖြန့်ချီနိုင်ဖို့သာ အာရုံစိုက်နေပြီး ထို အခွေအတွက်လည်း One Direction အဖွဲ့ရဲ့ တေးရေး ဖြစ်တဲ့ Jamie Scott နဲ့ လက်တွဲအလုပ်လုပ်ပြီး အကြံဥာဏ်တွေ ရယူနေတယ်လို့ သိရပါတယ်။

Credit:ThitHtooLwin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top