iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် အဆိုတော် တေလာဆွစ်ဖ်က ၎င်း၏သီချင်း Bad Blood သည် အဆိုတော်ကေတီပယ်ရီအကြောင်းဖြစ်သည်ဟူသော ကောလာဟလများကို GQ မဂ္ဂဇင်းနှင့်အင်တာ ဗျူးတွင်ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

တေလာဆွစ်ဖ်သည် ပြီးခဲ့ သည့်မေလ ၁၇ ရက်တွင် Bad Blood သီချင်းထွက်ရှိခဲ့ပြီး ယင်း သီချင်းသည် တေလာဆွစ်ဖ်နှင့် ကေတီပယ်ရီတို့၏ ရန်စကို ဖော်ကျူးထားခြင်းဖြစ်သည်ဟု Billboard, Rolling, Time, The Washington Post ကဲ့သို့သော မီဒီယာများကဖော်ပြခဲ့ကြသည်။

တေလာဆွစ်ဖ်က ယင်း သီချင်းသည် ကေတီပယ်ရီအား ရည်ညွှန်းခြင်းမဟုတ်ကြောင်းကို GQ မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် ပြန်လည်ရှင်းလင်းပြောကြားခဲ့ သည်။ ‘‘ကျွန်မအနေနဲ့ ကျွန်မ သီချင်းဟာ ဒီလူကိုပြောချင်တာပါ ဆိုတဲ့စကားတစ်ခုမှမပြောခဲ့ပါ ဘူး’’ဟု တေလာဆွစ်ဖ်က GQ မဂ္ဂဇင်းအားပြောသည်။ တေလာ ဆွစ်ဖ်က ယင်း Bad Blood သီချင်းသည် လူအများယူဆနေသည့် အတိုင်းမဟုတ်ဟုသာရှင်းပြခဲ့ပြီး မည်သူမည်ဝါကိုရည်ရွယ်၍ သီဆိုသည်ကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

တေလာဆွစ်ဖ်၏ Bad Blood သည် ၂၀၁၅ အမ်တီဗီ ဗီဒီယို တေးဂီတဆုပေးပွဲ၌ တစ် နှစ်တာအကောင်းဆုံးတေးဂီတ ဗီဒီယိုဆုနှင့် အကောင်းဆုံးပူးတွဲ တင်ဆက်မှုဆုတို့ကို ရရှိခဲ့သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top