ဆံပင်ကို အချိန်ကြာကြာ ပုံသေကောက်နေအောင် ဘယ်လို ပြုပြင်ထိန်းသိမ်းမလဲ ...
မိမိဆံပင်ကို မကြာသေးမီကမှ အကောက်ဆွဲထားပါက ခေါင်းထဲအမြဲ မှတ်ထားရမယ့် အချက်တချို့ရှိပါတယ်။ ပထမဦးဆုံး ဆံပင်ကောက်တွေမှာ ပုံစံမပျက်အောင် ထိန်းထားဖို့ သေချာကျကျနန ပြုပြင်ပုံသွင်းထားဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဆံပင်အကောက် ပုံသွင်းပြီးနောက် ၂၄-၂၈ နာရီကြာပြီးမှသာ လျှော်နိုင်ပါတယ်။ ဒီတော့ ဆံပင်ကောက် ထိန်းသိမ်းနည်းလေး တချို့ရှိပါတယ်။
စစချင်းနေ့တွေမှာ ဆံပင်ကို ပုံစံထိမိခိုက်မိတာတွေ ဖြစ်သွားတတ်တာကြောင့် ကလစ်တင်းတင်းနဲ့ ညှပ်ပြီး စည်းမထားပါနဲ့။ လွတ်လွတ်လပ်လပ်လေး ရှိနေပါစေ။
ဆံပင်ပြုပြင်ဆေးရည် (conditioner) များက ဆံပင်အခွေအလိပ် ပြုပြင်ထားခြင်းကို မထိခိုက် မပျက်စီးစေပါဘူး။ ဆိုတော့ ခေါင်းလျှော်ပြီးတိုင်း သင့်တော်မှန်ကန်တဲ့ ဆံပင်ပြုပြင်ဆေးရည်ကို သုံးပါ။ အထူးသဖြင့် ဓာတုပစ္စည်းများဖြင့် ပြုပြင်စီရင်ထားတဲ့ ဆံပင်အတွက် ပြောပါတယ်။
ဆံပင်ကို ဖြစ်နိုင်ရင် အမြန်ဆုံး အခြောက်ခံပါ။ လေမှုတ်အခြောက်ခံခြင်းတော့ မလုပ်ပါနဲ့။ ပုံစံပျက်စေတတ်ပါတယ်။
အလှပြင်ဆိုင်မှ ပြန်သွားတဲ့အခါ ဆံပင်ကို နေရောင်မထိအောင် ပဝါတစ်ခုနဲ့ဖြစ်ဖြစ် ကာထားပါ။ ဦးထုပ်လည်း အသုံးပြုနိုင်ပါတယ်။ ရေကူးရင်လည်း ကလိုရင်း (chlorine) မထိအောင် ရှောင်ပါ။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...