iMyanmarHouse.com - Best Property Website for Myanmar
×












ဆယ်လီနာ ဂိုမက်ဇ်က ရည်းစားဟောင်း ဂျပ်စတင်ဘီဘာအနေဖြင့် ချစ် ဇာတ်လမ်းအကြောင်း ပြန်ပြောနေခြင်းကို ရပ်တန့်စေလိုသည်ဟု Life & Style သတင်းက ဖော်ပြ သည်။

ဆယ်လီနာဂိုမက်ဇ်နှင့် ဂျပ် စတင်ဘီဘာတို့စုံတွဲသည် လေး နှစ်ခန့်ချစ်ကြိုက်ပြီးနောက် ပြီးခဲ့ သည့်အောက်တိုဘာတွင် လမ်းခွဲ ခဲ့ကြသည်။ ဂျပ်စတင်ဘီဘာက ၎င်းတို့   ချစ်ဇာတ်လမ်းသည် အိမ်ထောင်ရေးသဘောမျိုးဖြစ်ခဲ့သည်ဟု ခံစားရကြောင်း Comp-lexမဂ္ဂဇင်းနှင့်အင်တာဗျူးတွင် ပြောကြားခဲ့၍ ဆယ်လီနာဂိုမက်ဇ်က  စိတ်ကသိကအောက် ဖြစ်ခဲ့ရသည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

‘‘ဆယ်လီနာအနေနဲ့ ဂျပ် စတင်ဘီဘာနဲ့   ပတ်သက်ပြီး သဘောအကျခဲ့ဆုံးအချက်က ဂျပ်စတင်ဘီဘာဟာ အရမ်းသို သိပ်တတ်လို့ပဲဖြစ်ပါတယ်။ ဂျပ် စတင်အနေနဲ့ သူတို့ဇာတ်လမ်း တွေထုတ်မပြောတာကို ဆယ်လီ နာဆန္ဒရှိပါတယ်။ ဂျပ်စတင်က တော့ သူအရွယ်ရောက်ပြီလို့ ယူဆနေပေမယ့် သူ့ရဲ့ထုတ်ဖော် ပြောကြားမှုတွေကြောင့် ဆယ်လီ နာစိတ်ကသိကအောက်ဖြစ်နေရ ပါတယ်’’ဟု ဆယ်လီနာဂိုမက်ဇ် နှင့် ရင်းနှီးသူတစ်ဦးက Life & Style သတင်းအားပြောသည်။

ဂျပ်စတင်ဘီဘာက ၎င်းတို့ ဇာတ်လမ်းပြီးဆုံးသွားပြီဖြစ်သော် လည်း  ရည်းစားသစ်များကို ဆယ်လီနာဂိုမက်ဇ်နှင့် အမြဲနှိုင်းယှဉ်သွားမည်ဟု Complex မဂ္ဂဇင်းအားပြောကြားခဲ့သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top