iMyanmarHouse.com - Best Property Website for Myanmar
×











မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။
အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ် တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။

 စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။မင်းဂွတ်သီးရဲ့ အကျိုးပြုပုံများ ၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။ ၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။ ၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။ ၄။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။

ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။ မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။

Credit : သက်ရှည်ကျန်းမာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top