iMyanmarHouse.com - Best Property Website for Myanmar
×









အမေရိကန်အဆို တော်မိုင်လေဆိုင်းရပ်စ်သည် သီတင်းပတ်ကုန် Saturday Night Light (SNL) ရုပ်သံအစီ အစဉ်တွင် ပါဝင်တင်ဆက်ခဲ့ပြီး သေဆုံးသွားသော ၎င်း၏အိမ်မွေး တိရစ္ဆာန်များအတွက်ရည်စူး၍ သီချင်းသစ်တစ်ပုဒ်သီဆိုစဉ် မျက် ရည်များကျခဲ့သည်။

တိရစ္ဆာန်ချစ်သူတစ်ဦးဖြစ် သော ပေါ့ပ်စတားမိုင်လေဆိုင်း ရပ်စ်သည် အောက်တိုဘာ ၃ ရက်ညတွင် အမေရိကန်ရုပ်သံ အစီအစဉ် SNL ၌ ပါဝင်တင် ဆက်ခဲ့သည်။ အသက် (၂၂)နှစ် အရွယ် မိုင်လေဆိုင်းရပ်စ်သည် သေဆုံးသွားပြီဖြစ်သော အိမ်မွေး တိရစ္ဆာန်များဖြစ်သည့် ခွေးလေး Floyd၊ ကြောင်လေးနှင့်ငါးလေး Pablow တို့၏ဓာတ်ပုံများကို ကြည့်၍ Twinkle Song သီချင်းကို စန္ဒရားဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ သည်။

မိုင်လေဆိုင်းရပ်စ်သည် သီချင်းအဆုံးရောက်စဉ် စတင်ငိုကြွေးခဲ့သည်။ မိုင်လေဆိုင်းရပ်စ် က ၎င်း၏အိမ်မွေးတိရစ္ဆာန်များ ကြောင့်၎င်းသည်သက်သတ်လွတ်စားသူတစ်ဦး ဖြစ်လာခဲ့သည်ဟု
 အောက်တိုဘာ ၁ ရက်ညတွင် ဂျင်မီဖော်လွန်းနှင့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

 Credit : 7day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top