iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ်ရှင်ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်အချို့က ထုတ်လုပ်ရေးတိုက်များထောင်၍ ဇာတ်လမ်းကောင်းများ ရွေးချယ်ကာ ကိုယ်တိုင်ပါဝင်ရိုက်ကူးလေ့ရှိကြသည်။ သို့သော် သရုပ်ဆောင် မိုးဟေကိုက မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်၍ ရုပ်ရှင်များရိုက်ကူးနေသော်လည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်သည်ထက် အခြားသရုပ်ဆောင်များကိုသာ နေရာပေးခဲ့သည်။ ထို့ကြောင့် မိုးဟေကိုကို  ယင်းအကြောင်းအရာများအပါအဝင် အနုပညာလှုပ်ရှားမှုများ ယခင်ထက်နည်းသွားသည့်အကြောင်းရင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ရိုက်တာ ဇာတ်ကားသုံးကားရှိပြီ ဆိုတော့  အရင်သရုပ်ဆောင်အ လုပ်နဲ့ဆိုရင် ဘယ်လိုကွာခြားမှု တွေရှိလဲ။

ကွာခြားမှုမရှိဘူး။ သရုပ် ဆောင်ပဲဖြစ်ဖြစ်၊ ထုတ်လုပ်သူပဲ ဖြစ်ဖြစ် ဒီနှစ်ခုစလုံးက အနုပညာ နဲ့ပတ်သက်နေတဲ့အတွက် အနု ပညာအလုပ်လုပ်တယ်လို့ပဲ သဘောထားပါတယ်။

သရုပ်ဆောင်အများစုက ကိုယ် တိုင်ထုတ်လုပ်သူလုပ်ပြီဆိုရင် အကယ်ဒမီရဖို့ဆိုတဲ့စိတ်နဲ့ ကိုယ် လုပ်ကွက်ရတဲ့ ဇာတ်ကားတွေ ရိုက်ကြတာများတယ်။ အစ်မကျ တော့ တခြားလူတွေကိုပဲသုံးပြီး ရိုက်ဖြစ်တာက ဘာကြောင့်လဲ။

ဒါကတော့ ကိုယ့်ခံစားမှုနဲ့ ကိုယ်ပဲပေါ့။ အကယ်ဒမီကို လူ တိုင်းက မလိုချင်ဘူးမဟုတ်ဘူး လိုချင်တယ်။ ဒါပေမဲ့ အစ်မအနေ နဲ့ အလုပ်ကအလုပ်၊ ကိုယ့်ရဲ့အနု ပညာက အနုပညာလို့ပဲ ပိုင်းခြား ထားပါတယ်။ ဇာတ်ကားတွေမှာ မပါဖြစ်တာကလည်း တခြား သရုပ်ဆောင်တွေကို ဦးစားပေး ချင်လို့ပါ။

အခုနောက်ပိုင်းမှာ သရုပ်ဆောင် အလုပ်ကို လျှော့ပြီးလုပ်ဖြစ်တဲ့ အကြောင်းလေးကိုလည်း ပြောပြ ပေးပါဦး။

အဓိကကတော့ အဖေ၊ အမေကို ဒီအသက်အရွယ်မှာ ပြန် ပြီးအချိန်ပေးချင်တယ်။ မိသားစု လည်းနည်းတဲ့အတွက်ကြောင့် ကိုယ်ချည်းပဲ နေရာတကာအပြင် ထွက်လုပ်ရင် မိဘတွေအနားမှာ မနေနိုင်လို့ပါ။ မိဘတွေအနားမှာ နေချင်တဲ့စိတ်ကြောင့်ပါ။ မလုပ် ဘူးမဟုတ်ဘူး။ လုပ်တယ်။ ကား ရိုက်တွေလည်း ရိုက်တယ်။ ဆယ် ကားလောက်လာပြောရင် တစ် ကားနှစ်ကားလောက်ပဲ ရိုက်ဖြစ် တယ်။ အခုဆိုရင် မိဘတွေရဲ့ စကားကြောင့် ဆိုင်တွေလည်း ဖွင့် ထားတဲ့အတွက် အဲဒီသုံးခုစလုံး မှာ အချိန်ပေးဖြစ်နေတယ်။

စီးပွားရေးအနေနဲ့ ဆိုင်လည်းဖွင့် ထားတာဆိုတော့ အဲဒီအကြောင်း လည်း ပြောပြပေးပါဦး။

Moe Fabric House ဆိုင်ကို စမ်းချောင်း ရှင်စောပုလမ်းမှာ ဖွင့်ထားပါတယ်။ ပွဲထိုင်ဇာတွေနဲ့ ချိတ်အစစ်တွေ ရောင်းတယ်။ အစ်မရဲ့ အစ်မတွေကလည်း ဆိုင်အတွက် ဝိုင်းကူပေးပါတယ်။

သရုပ်ဆောင်အနေနဲ့ ကိုယ်တိုင် ကြိုက်တဲ့ဇာတ်ကားတွေပဲ ရိုက် မယ်ဆိုတော့ ဘယ်လိုဇာတ်ရုပ် မျိုးတွေနဲ့ ရိုက်ဖို့ရှိမလဲ။

အဲဒါကလည်း အစ်မရဲ့ စိတ် ခံစားမှုဖီလင်အပေါ်မှာ မူတည်ပါတယ်။ အချိန်လည်းပေးနိုင်တယ်။ အစ်မလည်း ကြိုက်တယ်။ ပရိ သတ်တွေအတွက်လည်း ကြိုက် နိုင်မယ်ဆိုရင် ရိုက်ဖြစ်ပါတယ်။ အစ်မ ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်ကားတွေဆိုရင်လည်း အစ်မစိတ်ကြိုက်တွေပဲ။ ပရိသတ်တွေ လည်း ကြိုက်မယ်ထင်လို့ ရွေးခဲ့ တာပဲ။

ဒီနှစ်ထဲမှာ ရုပ်ရှင်ရိုက်ကူးမှုတွေ များလာတယ်ဆိုတော့ ဇာတ်ကား ရိုက်ဖို့ ကမ်းလှမ်းမှုတွေရှိလား။ ဗီဒီယိုတွေကော ရိုက်ဖို့ရှိလား။

ကမ်းလှမ်းမှုတွေတော့ရှိပါ တယ်။ ဒါပေမဲ့ အကြောင်းမတိုက် ဆိုင်လို့ မရိုက်ဖြစ်တာတွေလည်း ရှိတယ်။ တချို့ဟာလေးတွေလည်း ရိုက်ဖို့ လက်ခံထားတာတွေရှိတယ်။ မရိုက်ဖြစ်သေးတာ။ ဗီဒီယို ကတော့ ဒီလကုန်လောက်ကျရင် ရိုက်ဖို့ရှိပါတယ်။

ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးခဲ့ပြီးပြီဆိုတော့ အခုချိန် မှာ ကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတစ်ခုခုကော ရှိဦးမလား။

ကာရိုက်တာ စုံသလောက် နီးပါးရှိတယ်ဆိုပေမယ့် မစုံသေး တာတော့ သေချာတယ်။ ဘယ်လို ကာရိုက်တာဆိုပြီး ခွဲခြားထားတာ တော့မရှိပါဘူး။ လူတိုင်းက စိတ် က အမျိုးမျိုးပြောင်းလဲတာဆို တော့ အစ်မရဲ့ စိတ်ခံစားမှုနဲ့ ရောက်နေတဲ့ အသက်အရွယ်အ ပေါ်မူတည်ပြီး လုပ်ချင်စိတ်အ ပြည့်အဝရှိရင်တော့လုပ်ဖြစ်မယ်။  ဘယ်ကာရိုက်တာဖြစ်မလဲဆိုတာ ကတော့ မစဉ်းစားမိသေးဘူး။

ပထမရိုက်ထားတဲ့ ‘ရုံးပတီသီး လေးများ’နဲ့ ‘ခိုးဆိုးလုနှိုက်’က ကော ဘယ်တော့လောက် ပရိ သတ်ဆီကို ရောက်မလဲ။ အဲဒီကားတွေကို ပြည်ပမှာသွားပြီး လုပ်ထားတာဆိုတော့ ဇာတ်ကား အရည်အသွေးပိုင်းက ပိုပြီး ကောင်းမယ်လို့ထင်လား။

၂၀၁၆ ထဲမှာ ရုံတင်နိုင် အောင် ကြိုးစားနေပါတယ်။ ဇာတ်ကားတွေရဲ့ အရည်အသွေးက တော့ ထွက်လာရင် ပရိသတ်တွေ မြင်တွေ့ရမှာပါ။ အစ်မက အပြောတွေအများကြီးထက် လက်တွေ့ ကိုပဲ ပြချင်တဲ့အတွက်ကြောင့် ပရိသတ်တွေကို စောင့်မျှော်ကြည့် ရှုစေချင်ပါတယ်။

‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားနဲ့ အစ်မအတွက် အကယ်ဒမီဆုကို ပရိသတ်တွေက ရင်ခုန်ပေးနေ တာဆိုတော့ အစ်မရဲ့ ရင်ခုန်သံ လေးကိုလည်း ပြောပြပေးပါဦး။

အစ်မ မမျှော်လင့်ရဲပါဘူးလို့ ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်မထက်တော်တဲ့၊ တတ်တဲ့ အနုပညာရှင်တွေ အများ ကြီးဆိုတော့ မမျှော်လင့်ရဲပါဘူး။ ပရိသတ်တွေ အားပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။

‘ကျွန်မချစ်သော’စာအုပ်ကကော အကုန်ပြီးသွားပြီလား။ ဘယ် တော့လောက် ထွက်မှာလဲ။

လာမှာပါ။ အစ်မအချိန်တစ် ခုကို စောင့်နေတယ်။ အချိန်တန် ရင် ထွက်မှာပါ။ အစ်မက အရင် ကတည်းကလည်း လောဘမကြီး တတ်ဘူး၊   မလောတတ်ဘူးဆို တော့ ထုတ်ချင်တဲ့အချိန် အ ကြောင်းတွေတိုက်ဆိုင်ရင် ထုတ် ဖြစ်မှာပါ။ အားလုံးကတော့ ပြီးစီးနေပါပြီ။ ဖြန့်ချိဖို့ပဲ ကျန်တော့တာ။

ဇာတ်ကားတွေ အရိုက်နည်းသွား ပေမယ့် အစ်မရဲ့ကားတွေကို မျှော်နေမယ့် ပရိသတ်တွေရှိတော့ စာမျက်နှာကတစ် ဆင့် ဘာပြောချင်လဲ။

အစ်မထုတ်လုပ်ရေးတွေ လည်း လုပ်နေတာဆိုတော့ အစ်မရဲ့ ထုတ်လုပ်ရေးက ကားလေး တွေကိုလည်း အားပေးဖို့ ပြောချင် ပါတယ်။

ကျေးဇူးတင်ပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top