iMyanmarHouse.com - Best Property Website for Myanmar
×












သူမဟာ လှပပြီး စမတ်ကျတယ်။ နေထိုင်ပုံကလည်း အပြစ်ပြောစရာတစ်ခုမှ မရှိဘူး။ သင်ဒီလိုအတွေးမျိုးတွေ တွေးမိလိုက်တဲ့အခါ သင့်အနေနဲ့ ငါသူ့ကို လေးစားအားကျနေတာမျိုးလား၊ ဒါမှမဟုတ် သူ့ကိုငါ သဘောကျနေမိတာ များလားဆိုပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိပါလိမ့်မယ်။ ဆိုလိုချင်တာက သင် သူ့လို ဖြစ်ချင်နေတာလား၊ ဒါမှမဟုတ် သူနဲ့အတူ ပါရမီဖြည့်ဖက်တစ်ယောက်အနေနဲ့ရှိချင်နေတာလား ဆိုတာကိုပေါ့။ ဒီတော့ သင့်ကိုယ်သင် အဖြေရှာမရဘူးဆိုရင် ဒီအချက်ကလေးတွေနဲ့ တိုက်ကြည့်ပြီး သင် သူ့အပေါ်ထားတဲ့ စိတ်ထားတစ်ခုကို အဖြေထုတ်ကြည့်လိုက်ပါ။

၁။သင် သူမကို ကြည့်မိတဲ့အခါ
သင်ဟာ သူမအပေါ် သာမာန်မိန်းကလေးအချင်းချင်း လေးစားအားကျတဲ့စိတ်မျိုးဆိုရင် - သင်သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကို သဘောကျမယ်။ ငါလည်း အဲ့လိုမျိုး ဖြစ်ချင်လိုက်တာဆိုပြီး တွေးမယ်။ သူမ ဘာ ဘော်ဒီလိုးရှင်းသုံးသလဲတွေးမယ်၊ သိချင်မယ်။ ဘယ်လိုခေါင်းလျှော်ရည်သုံးသလဲ စူးစမ်းချင်မယ်။ ဆံပင်ဘယ်မှာညှပ်သလဲ၊ အ၀တ်အစားဘယ်မှာ ၀ယ်သလဲဆိုတာတွေ သိချင်ပါလိမ့်မယ်။

သင်ဟာ သူမကို စိတ်ဝင်စားပြီး သူမရဲ့ချစ်သူ ဖြစ်ချင်တာမျိုး ဆိုရင် - သူမရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ချင်မိမယ်။ လက်ကလေးကို ကိုင်ကြည့်ချင်မယ်။ တစ်ခါတစ်လေ သူဘာလဲ ငါဘာလဲဆိုတာတွေ မေ့နေပြီး သူမကိုသာ စိုက်ငေးကြည့်နေချင်လိမ့်မယ်။ ရင်တစ်လှပ်လှပ်နဲ့ပေါ့။

၂။သင် သူမကို တကယ်စကားပြောချင်လာတဲ့အခါ
သင်ဟာ သူမအပေါ် သာမာန်မိန်းကလေးအချင်းချင်း လေးစားအားကျတဲ့စိတ်မျိုးဆိုရင် - သူမရဲ့ဘ၀အကြောင်းကို သိချင်မယ်။ သူမရဲ့ အမိုက်စားဘဲအကြောင်း ကြားချင်းးမယ်။ သူမက စိတ်ဝင်စားစရာကောင်း တဲ့ ကောင်မလေးတစ်ယောက်လို့ သင်ခံစားနေရလိမ့်မယ်။

သင်ဟာ သူမကို စိတ်ဝင်စားပြီး သူမရဲ့ချစ်သူ ဖြစ်ချင်တာမျိုး ဆိုရင် - သင်ဟာ သူမနဲ့ နေ့ရောညရော အတူရှိချင်မိပြီး သူမပြောသမျှ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို မမောမပန်း နားထောင်ချင်နေလိမ့်မယ်။ သူမကြောင့် သင်အမြဲရယ်မိနေမယ်၊ ပြုံးပျော်နေမယ်။ သူမကြောင့် သင့်နေရတာ ပိုအဆင်ပြေလာတယ်လို့ ထင်လိမ့်မယ်။

၃။သင် သူမအကြောင်းကို တွေးမိတဲ့အခါ
သင်ဟာ သူမအပေါ် သာမာန်မိန်းကလေးအချင်းချင်း လေးစားအားကျတဲ့စိတ်မျိုးဆိုရင် - သူမဟာ တကယ်ကို အံ့သြစရာကောင်းပြီး ထူးခြားတဲ့သူလို့ သင် ထင်လိမ့်မယ်။ လှပတဲ့ ဆံကေသာ၊ ခန္ဓာကိုယ်အချိုးအစား၊ တကယ်မိုက်တဲ့ ချစ်သူရှိတဲ့ ကံကောင်းတဲ့ မိန်းကလေးလို့ သင်တွေးမိလိမ့်မယ်။ အရည်အချင်းလည်း ရှိတဲ့သူတစ်ယောက်အနေနဲ့လည်း သင်သဘောကျလိမ့်မယ်။

သင်ဟာ သူမကို စိတ်ဝင်စားပြီး သူမရဲ့ချစ်သူ ဖြစ်ချင်တာမျိုး ဆိုရင် - သူ့အကြောင်း တစ်ချိန်လုံး သင်တွေးနေမိလိမ့်မယ်။ သူမခန္ဓာကိုယ် အချိုးအစား၊ ဆံကေသာအလှ အစရှိတာတွေကိုလည်း သင်စိတ်ကူးယဉ်လို့ မဆုံးဘူး။ သူမဟာ သင့်စိတ်ထဲ အမြဲကိုရှိနေပြီ။ နေရာယူထားပြီ။ အိပ်ခါနီးတွေးဖြစ်တာလည်း သူမအကြောင်းပဲ။ မနက်မိုးလင်းလင်းချင်း တွေးမိတာလည်း သူမအကြောင်းပဲ။

၎။သင် သူမကို သ၀န်တို မနာလိုနေတာများလား
သင်ဟာ သူမအပေါ် သာမာန်မိန်းကလေးအချင်းချင်း လေးစားအားကျတဲ့စိတ်မျိုးဆိုရင် - သူမဘ၀က သိပ်ပြည့်စုံလွန်းလို့၊ သူမရဲ့ချစ်သူကလည်း အပြစ်ပြောစရာမရှိအောင် သူမအပေါ် ကောင်းလွန်းလို့ မနာလိုဖြစ်မိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သင်ဟာ သူမကို စိတ်ဝင်စားပြီး သူမရဲ့ချစ်သူ ဖြစ်ချင်တာမျိုး ဆိုရင် - သင်သတိထားမိတဲ့ မနာလိုမှုဆိုတာ သူမရဲ့ ချစ်သူကိုပါ။ သူတို့နှစ်ယောက်အတူရှိချိန်တွေဆို သင်ပူလောင်နေမယ်။ သူတို့နှစ်ယောက်ကို မြင်နေရရင် သင့်စိတ်ထဲ နာကျင်နေတာမျိုးပေါ့။

၅။သင်ဟာ သူမနဲ့အတူ မရှိတဲ့အချိန်ဆို သူမကိုလွမ်းနေမိသလား
သင်ဟာ သူမအပေါ် သာမာန်မိန်းကလေးအချင်းချင်း လေးစားအားကျတဲ့စိတ်မျိုးဆိုရင် - ကိုယ်ခင်ရတဲ့ သဘောကျရတဲ့သူက ကိုယ်တွေနဲ့အတူ အပြင်မထွက်ဖြစ်ပဲ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့ရတဲ့အခါ သင့်စိတ်ထဲ စိတ်မကောင်းဖြစ်မိတယ်၊ သူမပါရင် ထင်သလောက် ပျော်စရာမကောင်းတော့ဘူးလို့ သင်ခံစားရလိမ့်မယ်။

သင်ဟာ သူမကို စိတ်ဝင်စားပြီး သူမရဲ့ချစ်သူ ဖြစ်ချင်တာမျိုး ဆိုရင် - သူမပါရင် ဘယ်မှမသွားချင်တော့ဘူး၊ ဘာမှလည်း မလုပ်ချင်ဘူး။ သူမနဲ့တွေ့ပြီး ပြန်တဲ့အချိန်တွေ နှုတ်ဆက်ပြီးရင်တောင် သူမဆီဖုန်းဆက်ချင်တယ်။ sms ပို့ချင်တယ်။ နောက်တစ်ခါထပ်တွေ့ဖို့ အကြောင်းရှာမိနေပြန်ရော။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top