iMyanmarHouse.com - Best Property Website for Myanmar
×














ကျွန်ုပ်တို့ လမ်းတွေလျှောက်၊ ထိုင်၊ ခန္ဓာကိုယ်တွေ ကွေးညွတ် လိမ်ခေါက်မှုတွေ လုပ်ကြပြီးနောက် ဒါတွေကို ခံရတာ အဆစ်အမြစ်တွေ ဖြစ်ပါတယ်။ သူတို့က မိမိတို့ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အရေးပါဆုံးလုပ်ငန်းတွေထဲက တစ်ခုကို ဆောင်ရွက်နေကြတာဖြစ်လို့ ယိုယွင်းပျက်စီးမှုကို အတန်အသင့် ရင်ဆိုင်ကြရပါတယ်။ ဒါပေမယ့် အခါမသင့်ရင်တော့ အန္တရာယ်တိုးပွားစေတဲ့ မှားတတ်တာလေး တချို့ရှိပါတယ်။

သင့်အရိုးအဆစ်များ လုံခြုံစိတ်ချမှုပေးမယ့် နည်းလမ်းများ ယူဆောင်လာပေးပါတယ်။

ဒေါက်မြင့်ဖိနပ်တွေ စွန့်လွတ်ပါ

ဒေါက်မြင့်ဖိနပ်က ခြေဖနောင့်ကို ဝန်ပိုပိစေပါတယ်။ ဒ့ါကြောင့် တစ်လက်မထက် ပိုမြင့်တဲ့ ဒေါက်ဖိနပ်မျိုး ရှောင်ပါ။ အဲဒီနည်းက ဝန်ပိုထမ်းရစေတယ်။ အတောင့်တင်းဆုံး၊ အကြီးမားဆုံး အရိုးအဆစ်များနဲ့ ကြွက်သားများ အသုံးပြုရပါမယ်။ ပစ္စည်းတွေ သယ်၊မတဲ့အခါ လက်ချောင်းများအစား လက်ခုပ် သို့မဟုတ် လက်မောင်းတွေ အသုံးပြုပါ။ နောက်ပြီးတော့ အလေးသက်သာအောင် ခန္ဓာကိုယ်နဲ့ နီးကပ်စွာကိုင်ပါ။

ကယ်လ်စီယမ် စားသုံးခြင်း

မိမိအရိုးအဆစ်များ ဂရုစိုက်ပြီး ခန္ဓာကိုယ်ကျန်းမာစွာ လှုပ်ရှားနိုင်ဖို့ ကယ်လ်စီယမ်ဓာတ် အလုံလောက်ရရှိအောင်လုပ်ပါ။

အမျိုးအစားစုံလင်သော နေ့စဉ်ပုံမှန်အစားအစာ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားစုံစုံ လင်လင်စားသုံးပါက  အာဟာရနဲ့ phytochemical အများဆုံးရရှိစေပါတယ်။

ငါးများ

အိုမီဂါ သရီး အဆစ်အက်ဆစ်များက အရိုးကျန်းမားခြင်းအတွက် အရေးပါတယ်။ ဆာမွန်ငါးစတဲ့ ရေချိုငါးများ အရန်သင့် ရရှိနိုင်ပါတယ်။

သွေးပူလေ့ကျင့်ခန်းလုပ်ပါ

အဆစ်အမြစ် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း မလုပ်မီ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ လုံးဝမမေ့ပါနဲ့။

ခြေဆောင့်နင်းလမ်းလျှေက်တဲ့အကျင့် ရပ်ပါ

ခြေထောက်ဖြင့် ဆောင့်ကန်ခြင်း၊ ခြေလှမ်းလှမ်းပြီး လုပ်ရတဲ့ အေရိုးဗစ်အားကစားစတဲ့ လေ့ကျင့်ခန်းများက အဆစ်အမြစ်များ ထိခိုက်မှု အနည်းငယ် ဖြစ်စေနိုင်တယ်။ ဒီနည်းက ထိခိုက်မှုဖြစ်စေရင် စက်ဘီးစီးခြင်း၊ ရေကူးခြင်းစတဲ့ လေ့ကျင့်ခန်းများ စဉ်းစားပါ။ ကယ်လိုရီတွေလည်း လောင်ကျွမ်းစေပါတယ်။

ဝမ်းဗိုက်လေ့ကျင့်ခန်း

ဝမ်းဗိုက်လေ့ကျင့်ခန်းလုပ်တဲ့အခါ ကျန်းမာခိုင်ခံ့မှုနဲ့ ဟန်ချက်ညီမျှမှု ဖြစ်စေတယ်။ ဒါ့ကြောင့် အဆစ်အမြစ်များ မတော်တဆ ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top