iMyanmarHouse.com - Best Property Website for Myanmar
×












စက်ဘီး စီးနင်းသူတွေဟာ စက်ဘီးမစီးတဲ့သူတွေထက် ပိုမိုကျန်းမာပြီး အသက်ပိုရှည်ကြတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။ဒက်ခ်ျ တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ စက်ဘီး ပုံမှန်စီးပေးခြင်းဟာ သင့်ရဲ့ ဘ၀သက်တမ်းမှာ ၆ လစာလောက် ပိုမို ပေါင်းထည့်ပေးလိုက်နိုင်တယ် လို့ ဆိုပါတယ်။ သင်ဟာနှစ်ပေါင်းများစွာ စက်ဘီးစီးမယ်ဆိုရင်တော့ ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာမှာပါ။

အကယ်၍ သင်ဟာ အလုပ်ကိုလည်း စက်ဘီးစီးပြီးသွားမယ်ဆိုရင်တော့ အခြား စက်ဘီးမစီးသွားတဲ့သူတွေထက် စောစောသေဖို့ အခွင့်အလမ်းနည်းသွားစေပါတယ်။ Utrecht တက္ကသိုလ်က Carlijn Kamphuis ဆိုသူက BBC ကို အခုလိုပြောပြခဲ့ပါတယ်။

"သင်စက်ဘီးစီးတဲ့နာရီတိုင်းအတွက် သင်ဟာ သက်တမ်းတွေအဖြစ်ပြန်လည်ရရှိတယ်လို့ ပြောနိုင်မှာပါ။ ဒါကြောင့် သင်စက်ဘီးစီးသလောက် သင့်ရဲ့ ဘ၀သက်တမ်းဟာလည်း ကြာရှည်လာမှာပါ"

ဒါ့အပြင် သူမဟာ ဟော်လန် နိုင်ငံက တစ်ပတ်ကို ပျမ်းမျှအားဖြင့် ၇၄ မိနစ် ခန့် စက်ဘီးစီးတဲ့ သူတွေဟာ စက်ဘီးမစီးတဲ့သူတွေဟာ ဘ၀သက်တမ်းမှာ ပျမ်းမျှအားဖြင့် ၆လ ခန့် အသက်ပိုရှည်စေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ထိုအကျိုးကျေးဇူးတွေကို သိရှိဖို့ သုတေသီတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အချက်အလက်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

သုတေသီတွေ တွေ့ရှိခဲ့တာကတော့ နယ်သာလန် နိုင်ငံ မှာ နိုင်ငံရဲ့ စက်ဘီးစီးခြင်းကို နှစ်သက်တဲ့ အလေ့အကျင့်ကြောင့် နှစ်စဉ် လူသေဆုံးမှုပေါင်း ၆၅၀၀ ကို ကာကွယ်နိုင်ခဲ့တယ်ဆိုတာပါပဲ။ နယ်သာလန် နိုင်ငံရဲ့ အားသာချက်ကတော့ စက်ဘီးစီးသမားတွေရဲ့ ပါရာဒိုက်စ် အဖြစ် ၃၇၀၀၀ ကီလိုမီတာကို စက်ဘီးစီးတဲ့ လမ်းကြောင်းတွေ အဖြစ်သတ်မှတ်ပေးထားတာပါပဲ။

Credit : thithtoolwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top