iMyanmarHouse.com - Best Property Website for Myanmar
×









အိပ်စက်တဲ့အကြောင်းတွေကို သီးခြားတင်ပြလေ့ရှိတဲ့ Sleep ဂျာနယ်ရဲ့ အဆိုအရ  ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ပြီးချိန်မှာ  ပုံမှန်အိပ်ချိန်ထက်  နောက်ကျပြီးအိပ်ရင်  အရွယ်ရောက်သွားချိန်မှာ အလေးချိန်တိုးနိုင်ချေ ပိုမိုများပြားတယ်လို့  သိရပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဦးဆောင်လေ့လာသူ Lauren Asarnow က သူ့ရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ လေ့လာမှုကို ပြုလုပ်ချိန်မှာပဲ အခုလိုတွေ့ရှိလိုက်ရတာပါ။ဆယ်ကျော်သက်တွေဟာ တစ်နေ့ကို အိပ်ချိန်  ရှစ်နာရီလောက်အနည်းဆုံး အိပ်စက်သင့်တယ်လို့သိရပါတယ်။ အရွယ်ရောက်ပြီးသူတွေကတော့  ခုနစ်နာရီဆိုလုံလောက်တယ်လို့ ဆိုပါတယ်။

အိပ်ရေးပျက်ခြင်းဟာ  အအေးမိရောဂါနဲ့  နှလုံးရောဂါတွေကို ဖြစ်နိုင်ချေပိုများတယ်လို့  အားလုံးကသိကြပါတယ်။ ဒီလို အိပ်ရေးပျက်ခြင်းဟာ လူကိုအခုလို ရောဂါတွေဖြစ်စေတဲ့အပြင် ကိုယ်အလေးချိန်တိုးလာမှုကိုလည်း မြင့်တက်စေတယ်လို့သိရပါတယ်ဒီလိုအကြောင်းအရာကိုသိရဖို့အတွက်  ကျောင်းသားသုံးထောင်ကျော်ကို ငါးနှစ်ကြာလေ့လာမှုတွေပြူလုပ်ပြီး အတည်ပြုခဲ့တာပါ။သူတို့ဟာ ဆယ်ကျော်သက်ဘဝကနေ အရွယ်ရောက်တဲ့ဘဝကို ကူးပြောင်းတဲ့အချိန်မှာ မိမိတို့ အိပ်ချိန်ပေါ်မူတည်ပြီး အလေးချိန်ပြောင်းလဲမှုကို report တွေရေးခဲ့ကြတာပါ။

လူငယ်အများစုဟာ မိုဘိုင်းဖုန်းနဲ့ ဂိမ်းတွေကြောင့် အိပ်ရေးပျက်နေရတာဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ အိပ်ရေးပျက်တဲ့ညတွေမှာ စားစရာတစ်ခုခုကို စားသုံးပြီးမှ  အိပ်စက်တတ်ကြတာကြောင့် အလေးချိန်တိုးလာရပြီး နေ့ဘက်တွေမှာလည်း အိပ်မငိုက်ရအောင်  ကယ်လိုရီိကြွယ်ဝတဲ့စားစရာတွေကို စားသုံးတတ်ကြတာကြောင့်လို့ သိရပါတယ်။

ဒါကြောင့် မိမိတို့ ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့ ခက်ခဲသွားတတ်ကြပြီး အလေးချိန်တိုးမှန်းမသိ တိုးလာတယ်လို့ သိရပါတယ်။ဒါတွေဟာ ဆယ်ကျော်သက်အရွယ်မှာ  မသိသာပေမယ့် အရွယ်ရောက်ချိန်ကျရင် ပြင်မရတဲ့ အမှားကြီးတစ်ခုဖြစ်သွားတတ်တယ်လို့လည်း ဆိုထားပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top