iMyanmarHouse.com - Best Property Website for Myanmar
×











ရာသီဥတုက ပူပြင်းလာတာနဲ့အမျှ ရေအေးအေးလေး တစ်ခွက်ပဲ တောင့်တမိမှာပေါ့။ ဒါပေမဲ့လည်း ယေဘုယျအားဖြင့် သိကြတာက ရေနွေးက ရေအေးထက် ကျန်းမာရေး အတွက် ပိုပြီးသင့်လျော်တယ် ဆိုတာပါပဲ။

          သို့ပေမယ့်လည်း ရေနွေးမှာလည်း အကျိုးကျေးဇူးတွေ ရှိသလိုပဲ။ရေအေးမှာလည်း ၄င်းရဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ သိထားသင့်တဲ့ အချက်ကတော့ ဘယ်လို အခြေအနေနဲ့ အချိန်အခါမျိုးမှာ ရေအေးကို သောက်သင့်တယ် (သို့) ရေနွေးကို သောက်သင့်တယ် ဆိုတာသာ ဖြစ်ပါတယ်။

ရေနွေးသောက်ခြင်းဖြင့်-

၁။       အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ ရှေးဟောင်း တရုတ်ဆေးနည်းများ အရ မနက်စောစောမှာ ရေနွေးတစ်ဖန်ခွက် သောက်သင့်တယ်လို့ ဆိုပါတယ်။ ဤနည်းက အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်းတွေကို တားဆီးပေးပါတယ်။

၂။       ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပါတယ်။ ဤနည်းအားဖြင့် အရေပြားပေါ်က ၀က်ခြံတွေနဲ့ အခြားသော အရေပြား ပြဿနာတွေကို ရှင်းထုတ်ပေးပါတယ်။ ပိုပြီး ထိရောက်မှု ရှိစေချင်ရင် ရေနွေးထဲမှာ ရှောက်သီး တစ်လွှာကို အရည်ညှစ်ပြီး နေ့တိုင်းသောက်ပါ။

၃။       နှာခေါင်းပိတ်ခြင်းကို သက်သာစေတယ်။ ရေနွေးက နှာခေါင်းပိတ်ခြင်းနဲ့ ချွဲကြပ်ခြင်းတွေကို သက်သာစေတယ် ဆိုတာ လူအများစုက မသိကြပါဘူး။

၎။       နာကျင်မှုတွေကို သက်သာစေတယ်။ ရေနွေးက ကိုယ်တွင်း တစ်ရူးတွေရဲ့ သွေးလှည့်ပတ်မှုကို တိုးတက် ကောင်းမွန်စေတာကြောင့် အဆစ်အမြစ် ကိုက်ခဲနေလျှင်၊ ဓမ္မတာလာတဲ့အခါ နာကျင်မှု ဝေဒနာ ခံစားနေရလျှင် ရေနွေးသာ သောက်လိုက်ပါ။

ရေအေးသောက်ခြင်းဖြင့်-

၁။       အပူလျှပ်ခြင်းကို ကာကွယ်ပါတယ်။ ပညာရှင်တွေ ကတော့ နွေရာသီမှာ ရေအေး သောက်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရေအေးကို ရေနွေးထက်ပိုပြီး ခန္ဓာကိုယ်က စုပ်ယူနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေပူထဲကနေ ပြန်လာတဲ့အခါ ခဏနားပြီးနောက် ရေအေး တစ်ခွက် သောက်သင့်ပါတယ်။



၂။       ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။ ကိုယ်အလေးချိန်ကျဖို့ အဓိက သော့ချက်ကတော့ ကယ်လိုရီများများ လောင်ကျွမ်းခြင်း ဖြစ်ပါတယ်။ ရေအေးသောက်ခြင်း၊ ရေအေးဖြင့် ရေချိုးခြင်းတို့က ယင်းသော့ချက်ကို ထောက်ပံ့ပေးပါတယ်တဲ့။

၃။       ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပြီးတဲ့အခါ သောက်သင့်ပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်း လုပ်နေစဉ်မှာ ခန္ဓာကိုယ် အပူချိန် တိုးလာပါတယ်။ ယင်းအပူချိန်ကို လျှော့ချဖို့ လေ့ကျင့်ခန်း လုပ်ပြီးတိုင်း ရေအေးသောက်ပါ။

ဘယ်အချိန်တွေမှာ ရေအေး (သို့) ရေနွေးကို မသောက်သင့်ဘူးလဲ။

-         အစာစားနေချိန်မှာ ဘယ်တော့မှ ရေအေးမသောက်ပါနဲ့ ။ အစာချေဖျက်မှုကို နှေးကွေးသွားစေပြီး အစာမကြေမှုကို ဖြစ်စေပါတယ်။

-         ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပြီးတဲ့အခါ ရေနွေး လုံးဝမသောက်ပါနဲ့ ။ ယင်းအချိန်က သင့်ခန္ဓာကိုယ် အပူချိန် မြင့်တက်နေချိန်ဖြစ်တဲ့ အတွက်ကြောင့် ရေနွေးသောက်ရင် ပိုပြီးတောင် ဆိုးသွားနိုင်ပါတယ်။

Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top