iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားသရုပ် ဆောင်အဆိုတော်ရိန်းသည် ကိုရီးယားနှင့်တရုတ်နိုင်ငံများရှိ ပရိ သတ်များကိုဆွဲဆောင်ရန် ရည် ရွယ်၍ ကိုယ်ပိုင်ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုတည်ထောင်လိုက် သည်။

R.A.I.N ကုမ္ပဏီတွင် အဆို တော်များ၊ သရုပ်ဆောင်များနှင့် ကိုရီးယားငွေကြယ်ပွင့်များကဲ့သို့ သော အနုပညာရှင်များကို စီမံ ခန့်ခွဲပေးမည့် အထူးကျွမ်းကျင် ပညာရှင်များရှိမည်ဖြစ်သည်။

‘‘R.A.I.N ကုမ္ပဏီဟာ တေး အယ်လ်ဘမ်၊ ရုပ်သံဇာတ်လမ်း တွဲ၊ ရုပ်ရှင်နဲ့ ပြည်ပကစီးပွားရေး လုပ်ငန်းတွေလို ကဏ္ဍအားလုံး ကို မန်နေဂျာတစ်ဦးတည်းနဲ့ ထိန်းချုပ်တဲ့ သမားရိုးကျစီမံခန့်ခွဲရေး ကုမ္ပဏီတွေနဲ့မတူပါဘူး။ ကျွန်တော်တို့ကုမ္ပဏီဟာ အမေရိကန် အေးဂျင့်စနစ်ကို အခြေခံပါတယ်။နယ်ပယ်တစ်ခုစီက ကျွမ်းကျင် ပညာရှင်တွေဟာ သူတို့ကျွမ်းကျင်ဆုံးနယ်ပယ်ကို စီမံကွပ်ကဲသွားမှာဖြစ်ပါတယ်’’ဟု ရိန်းကပြောသည်။

အသက် (၃၃)နှစ်အရွယ်ရှိ ရိန်းသည် ပြီးခဲ့သည့် စက်တင်ဘာ တွင် Cube Entertainment ကုမ္ပဏီနှင့် ၂နှစ်တာ စာချုပ်သက် တမ်းပြည့်ပြီးနောက် ၎င်း၏ကိုယ် ပိုင်ကုမ္ပဏီကို တည်ထောင်ခြင်းဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top