iMyanmarHouse.com - Best Property Website for Myanmar
×











သူငယ်ချင်းအရင်းကြီးက သင့်ချစ်သူကောင်လေးကို သင့်လက်ထဲက လုယူသွားတာမို့ ကြိတ်မနိုင်ခဲမရတွေ ဖြစ်နေပါသလား။ ဒီမိန်းမ တော်တော်အကျင့်မကောင်းတဲ့ မိန်းမလို့လည်း အခါခါပြောနေမိလိမ့်ဦးမယ်။ ဒါပေမယ့် ဒါမှားပါတယ်။ ဘယ်သူကမှ သင့်ချစ်သူကို သင့်ဆီက ခိုးယူမသွားနိုင်ဘူး။ တကယ်တော့ သင်အပြစ်တင်သင့်တာ သင့်သူငယ်ချင်း မဟုတ်ပါဘူး။ သင့်ချစ်သူပါပဲ။ သူသင့်ဆီက သွားချင်လို့၊ သင်နောက်တစ်ယောက်ပြောင်းချင်လို့ ပြောင်းသွားတယ်လို့ မှတ်ရပါလိမ့်မယ်။

ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားနေရမယ်ဆိုတာ သေချာလွန်းတဲ့အရာပါ။ ဒါပေမယ့် အဲ့ဒီအတွက် သင်တခြားအရာတွေ လုပ်စရာ မလိုပါဘူး။ သင်လုပ်ရမှာက သင့်မာန၊ သင့်ဂုဏ်သိက္ခာကို ထိန်းပြီး သူတို့နဲ့ ခပ်ဝေးဝေးကို လျှောက်လှမ်းသွားရမှာပါ။ ဒါရှုံးသွားတာ မဟုတ်ပါဘူး။ သင့်ကို တကယ်မချစ်နိုင်တဲ့သူကို လွတ်လပ်ခွင့်ပေးလိုက်တဲ့ သဘောပါ။ ဒီတော့ စိတ်တိုပြီး စိတ်လိုက်မာန်ပါ ဘယ်လိုအရာမျိုးတွေ သင်မလုပ်သင့်ဘူးလဲ ဆိုတော့..

၁။ခုလိုဖြစ်သွားပြီးမှ သင်ဟာ သင့်သူငယ်ချင်းကို အပြစ်လိုက်တင်နေတာမျိုးတေါ မလုပ်ပါနဲ့တော့။
ဆိုရှယ်နက်ဝက်ခ်မှာ ဒေါသတွေထွက်ပြီး သူငယ်ချင်းမကောင်းကြောင်း စတေးတပ်စ်တွေ တင်မနေပါနဲ့တော့။ သူ့မကောင်းကြောင်း အပြစ်တင်ပြောဆိုဝေဖန်နေမယ့်အစား သင်တွေးရမှာက သင့်ချစ်သူက သင့်ကိုထားခဲ့ချင်လို့ ထားခဲ့ပြီးပြီ။ ဘာမှပြောနေဖို့ မလိုတော့ဘူးဆိုပြီး တွေးပါ။

၂။အခြားလူတွေကို စစ်ကူထောင်းပြီး သင့်သူငယ်ချင်းကို ပြောဆိုနေဖို့ မလိုတော့ပါဘူး။
သင်စိတ်ဆိုးစိတ်တိုတာ ဘယ်သူကမှ အပြစ်မတင်ပါဘူး။ အခြားလူတွေလည်း သင့်သူငယ်ချင်းကို သင့်လိုပဲ ခံစားနေကြမှာပါပဲ။ သူက ဘောင်ကျော်သွားသလို ထင်ကောင်းထင်နိုင်ပါတယ်။ ဒီတော့ သင့်ဘက်က အေးဆေးနှုတ်ဆိတ်နေလိုက်ပါ။ တခြားသူငယ်ချင်းတွေကို စုပြီး သူ့ကို သွားပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့တော့။

၃။သူတို့ကို မျက်နှာချင်းဆိုင် အရှက်ခွဲဖို့ မကြိုးစားပါနဲ့။
သူတို့က ဒါတွေကို ကြိုတွေးပြီးမှ ဒီအဆင့်ရောက်လာကြတာပါ။ သင်ထင်သလို သူတို့ရှက်ချင်မှ ရှက်သွားပါလိမ့်မယ်။ သင့်အနေနဲ့သိရမှာက ဒီအခြေအနေမှာ သင်က ပိုပါဝါကြီးနေတယ်ဆိုတဲ့ အတွေးဟာ မှားယွင်းနေပြီဆိုတာပါပဲ။

၎။ သူသင့်ဆီပြန်လာမလားလို့ မျှော်လင့်ပြီး ပြန်ကြိုးစားတာမျိုး မလုပ်ပါနဲ့။
သူ့ရုံးရှေ့သွားပြီး သူပေါ်လာမလားစောင့်တာမျိုး၊ သူ့အပေါ် စိတ်မကုန်တာကြောင့် မျှော်လင့်ချက်ထား ပြန်ကြိုးစားနေတာမျိုးတွေဟာ တကယ်ကို ကြောင်တဲ့လုပ်ရပ်တွေပါ။ သူက သင့်ကိုထားခဲ့ပါပြီ။ သင့်သူငယ်ချင်းနဲ့တောင် ကြိုက်သွားပြီမို့ သင်သူ့ကိုလက်လွှတ်လိုက်ပါတော့။ ဒီလိုလူမျိုး အဆုံးရှုံးခံရတာ သင့်အတွက် ဆိုးကျိုးမရှိပါဘူး။

၅။သူတို့နဲ့ ခပ်ဝေးဝေးမှာ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ်နေပါ။
ဒါဟာ လွယ်ကူလိမ့်မယ်လို့ ပြောတာ မဟုတ်ပါဘူး။ သင့်အတွက် ခံစားရချိန်ဟာ ဘယ်လောက်ခက်ခဲသလဲဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် သင်သူ့နားတွယ်ကပ်နေဦးမယ်။ သူ့ကို ပြန်ဆက်သွယ်နေဦးမယ်ဆို၇င် အခြေအနေတွေက ပိုတောင်ခက်ခဲလာပါဦးမ.်။ ဒါ့ကြောင့် သူတို့နဲ့ ခပ်ဝေးဝေးကိုသာ လှမ်းလျှောက်သွားလိုက်ပါ။ သင့်အတွက် တကယ်ကို သင့်တော်လိုက်ဖက်တဲ့ ချစ်သူကောင်းတစ်ယောက် တစ်နေရာမှာ စောင့်နေတယ်ဆိုတာ မမေ့ပါနဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top