iMyanmarHouse.com - Best Property Website for Myanmar
×










ရှားစောင်းလက်ပက်မှာ သတ္တုဓာတ် ပေါကြွယ်ဝစွာ ပါဝင်တယ်။ အသားအရေကို အကျိုးဖြစ်စေသည့်အပြင် ကိုယ်ခံအားစနစ်လည်း အားကောင်းစေတယ် ခန္ဓာကိုယ် သန့်ရှင်းစေပြီး သွေးထဲရှိ လက်ထရောပမာဏများကို ပုံမှန်ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေပြီး အစာချေဖျက်ခြင်းနဲ့ ကိုယ်ခံအားလည်း ပိုမိုကောင်းမွန်စေပါတယ်။

ရှားစောင်းလက်ပက်မှာ ဗီတာမင် A, C, E, B1, B2, B3, B6 နဲ့ B12 အပါအဝင် ဗီတာမင်မြောက်များစွာ ကြွယ်ဝစွာပါဝင်တယ်။ သူ့မှာ အစာချေဖျက်ခြင်းအတွက် အလွန်ကောင်းမွန်တဲ့ အင်ဇိုင်းတွေပါဝင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်များ ဖယ်ရှားပေးပါတယ်။

သတ္တုဓာတ်နဲ့ပတ်သက်ရင် potassium, calcium, magnesium, sodium, zinc, chromium, selenium နဲ့ iron တွေ ပါဝင်တယ်။ အစာချေဖျက်ခြင်းလုပ်ငန်း လွယ်ကူစေတဲ့ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝပါတယ်။နောက်ပြီး ရှားစောင်းလက်ပက်ရည်ကို နေလောင်ခြင်းနဲ့ အရေပြားအဖုအပိမ့်ထခြင်း သက်သာစေဖို့ အစဉ်အလာအရ အသုံးပြုခဲ့ပါတယ်။ ပုံမှန် သုံးဆောင်ပေးပါက အကျိုးမြတ် ပိုလို့တောင် ကြီးမားပါသေးတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top