iMyanmarHouse.com - Best Property Website for Myanmar
×










လေ့လာတွေ့ရှိချက် အသစ်အရ ခြေထောက်လှုပ်တတ်တဲ့ ရောဂါလက္ခဏာ (Restless leg syndrome – RLS) ရှိသူ လူနာတွေမှာ နှလုံးရောဂါ၊ နှလုံးနဲ့ကျောက်ကပ်ဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်ချေမြင့်မားကြောင့် ခိုင်မာတဲ့အထောက်အထားတွေ တွေ့ရှိခဲ့ရပါတယ်။

လေ့လာသူတွေဟာ ခြေထောက်လှုပ်တတ်တဲ့ ရောဂါလက္ခဏာရှိသူ အမျိုးသား အမျိုးသမီးပေါင်း ၃၇၀၀ ကို ရွေးချယ်စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အုပ်စု၂ခုခွဲလေ့လာရာမှာ ခြေထောက်လှုပ်တတ်တဲ့ ရောဂါလက္ခဏာရှိသူတွေဟာ မရှိသူတွေထက် နှလုံးရောဂါဖြစ်ပွားနိုင်မှုနှုန်း ၄ဆ ပိုမိုမြင့်မားတာကို တွေ့ရှိရပါတယ်။

ခြေထောက်လှုပ်တတ်တဲ့ ရောဂါလက္ခဏာဟာ တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို အနှောက်အယှက်ပေးနိုင်ပါတယ်။လေ့လာမှုတွေက RLS နဲ့ နှလုံးကျောက်ကပ်ဆိုင်ရာရောဂါတွေ အကြားဘယ်လိုဆက်စပ်နေတယ်ဆိုတာကို ရှင်းလင်းမပြထားပေမယ့် လေ့လာသူတွေက အိပ်မပျော်ခြင်းနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတာတွေနဲ့ ဆက်စပ်ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top