iMyanmarHouse.com - Best Property Website for Myanmar
×










ဟင်းလျာတွေ၊အသုပ်တွေမှာ ထည့်သုံးဖို့ အတွက် သင့်အိမ်မှာ သံလွင်ဆီ တစ်ဗူးတော့ ရှိရင်ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီဟင်းချက်ဆီဟာ သောက်လို့ ပါရတာ သင်သိပါသလား။

Antioxidants ခေါ် ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေပေါကြွယ်ဝတဲ့ သံလွင်ဆီကို မနက်၊ည စားပွဲတင်ဇွန်း တစ်ဇွန်းစီ၊ နေ့ စဉ် နှစ်ဇွန်းသောက်ပေးရုံနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရစေနိုင်မှာပါ။ 

၁။ သံလွင်ဆီက ရင်သားကင်ဆာကို ကူညီတိုက်ဖျက်ပေးနိုင်ပါတယ် 
မကြာသေးမီက JAMA Internal Medicine ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုဆောင်းပါးမှာ မြေထဲပင်လယ်စာကို သံလွင်ဆီရွှဲရွှဲနဲ့ စားတဲ့အမျိုးသမီးတွေဟာ မြေထဲပင်လယ်စာကို သံလွင်ဆီအနည်းငယ် ထည့်စားရုံစားတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြထားပါတယ်။ သံလွင်ဆီပါတဲ့မြေထဲပင်လယ်စာတွေဟာ အိုမင်းရင့်ရော်မှုကိုနှေးကွေးစေရုံသာမက လေဖြတ်နိုင်ခြေကိုပါ လျှော့ချပေးပါတယ်။

၂။ သံလွင်ဆီက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
သံလွင်ဆီမှာပါတဲ့ MUFA ခေါ် မပြည့်ဝဆီတွေကို တစ်နေ့ စားပွဲတင်ဇွန်းနှစ်ဇွန်း စားပေး၊သောက်ပေးရုံနဲ့  နှလုံးရောဂါကို ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်မှုဌာန (FDA) က အသိအမှတ်ပြုညွှန်းပေးထားပါတယ်။

၃။ ကိုယ်အလေးချိန်ကျရာမှာ အထောက်အကူပြုပေးတယ်
နှလုံးကိုကာကွယ်ပေးနိုင်တဲ့ကျန်းမာရေးနဲ့ ညီတဲ့အဆီဓာတ်တွေဟာ ကိုယ်အလေးချိန်ကျဆင်းချင်သူတွေ အတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်။ MUFA မပြည့်ဝဆီက ဗိုက်ကိုပြည့်နေတယ်လို့  ခံစားရစေပြီး အစားစားချင်စိတ်ကိုထိန်းပေးကာ၊ ဗိုက်အဆီတွေကို ချပေးနိုင်ပါတယ်။

၎။ အစာခြေဖျက်မှုစနစ်ကို ကောင်းမွန်စေသေးတယ်
သံလွင်ဆီဟာ အစာခြေဖျက်မှုစနစ်ကို ကောင်းမွန်စေပြီး ဓာတ်ချုပ်၊၀မ်းချုပ်တာကို သက်သာပျောက်ကင်းစေပါတယ်။ သံလွင်ဆီဟာ အူမကြီးအတွင်းမှာ ချောဆီသဘောမျိုး စွမ်းဆောင်ပေးတာကြောင့် အစာတွေ ရွေ့ လျားမှုကို ပိုမိုကောင်းမွန်စေပြီး အူမကြီးထဲ အစာဖြတ်သန်းမှု နှေးကွေးတာကြောင့်ဖြစ်ပေါ်တတ်တဲ့ ၀မ်းချုပ်ခြင်းကို မဖြစ်ပေါ်စေနိုင်ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top