iMyanmarHouse.com - Best Property Website for Myanmar
×

ကာမိုမိုင် (Camomile) ရေနွေးကြမ်းကို တစ်နေ့သုံးခွက် သောက်ပေးခြင်းဟာ သွေးချိုရှိတဲ့သူတွေရဲ့ သကြားဓာတ်ကို ထိန်းညှိုပေးနိုင်တယ်လို့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။

သုတေသီတွေဟာ သွေးချိုရောဂါရှိသူ ၆၄ယောက်ကို ခွဲပြီး အစာစားပြီးတိုင်း ကာမိုမိုင် ရေနွေးကြမ်း ဒါမှမဟုတ် ရေကို တိုက်ပြီး နှစ်လတာ စမ်းစစ်ခဲ့တာပါ။

ပါဝင်သူတွေရဲ့ သွေးကိုလည်း ပုံမှန်စစ်ဆေးခဲ့ပြီး ရလဒ်ကို Nutrition ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ကာမိုမိုင် ရေနွေးကြမ်းကို ပုံမှန်သောက်သူတွေဟာ ရေသောက်သူတွေထက် သွေးတွင်းသကြားဓာတ် ပိုလျော့ကျပြီး ဓာတ်တိုးဆန့်ကျင်ပမာဏ ပိုမြင့်လာတာကို တွေ့ရပါတယ်။

သွေးချိုရောဂါကို အဓိကဖြစ်ပေါ်စေတဲ့ အင်န်ဇိုင်းကို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့ ကာမိုမိုင်က သက်ရောက်မှု ရှိတယ်လို့ အီရန်က Tabriz ဆေးသိပ္ပံတက္ကသိုလ် သုတေသီတွေက အကြံပြုခဲ့ပါတယ်။

Credit: သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top