iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီးရှင်မင်အာသည် ဆင်းရဲနွမ်းပါးသူများအား ခုနစ်နှစ် အတွင်း ကိုရီးယားဝမ်တစ်ဘီလီ ယံ(ကန်ဒေါ်လာ ၈၉၀,၃၀၀ ခန့်) လှူဒါန်းခဲ့သည်။

ကေဒရာမာစတားရှင်မင် အာသည် Fruit of Love ပရဟိတ အဖွဲ့သို့ ဝမ် ၇၁၇ သန်း (ကန် ဒေါ်လာ ၆၃၇,၇၀၀ခန့်)လှူဒါန်းခဲ့ ပြီး မြောက်ကိုရီးယားပြည်ပြေး များကို ကူညီနေသော Good Friends ပရဟိတအဖွဲ့သို့လည်း ဝမ်သန်း ၂၉၀ (ကန်ဒေါ်လာ ၂၅၈,၁၀၀ ခန့်) လှူဒါန်းခဲ့ပြီးဖြစ် ကြောင်း အောက်တိုဘာ ၁၅ ရက် တွင်ထွက်ရှိသော သတင်းများ အရသိရသည်။

ရှင်မင်အာ၏ဆန္ဒအရ Fruit of Love အဖွဲ့သို့လှူဒါန်းငွေများ သည် ဆင်းရဲနွမ်းပါးသော ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ထံ အဓိကရောက်ရှိသည်ဟု ယင်းအဖွဲ့ကပြောသည်။ ရှင်မင်အာ သည် ၂၀၁၀ မှစ၍ Good Friend အဖွဲ့သို့ အလှူငွေများထည့်ပြီး ယင်းလှူဒါန်းမှုများသည် မြောက် ကိုရီးယားမှထွက်ပြေးလာသော တစ်ကိုယ်တော်မိခင်များနှင့် ၎င်း တို့၏ကလေးငယ်များကို အဓိက အကူအညီပေးသည်ဟုသိရ သည်။ အသက် (၃၁)နှစ်ရှိ ရှင်မင် အာသည် ပြီးခဲ့သည့်မေလတွင် ငလျင်ဒဏ်သင့် နီပေါပြည်သူများ အတွက် ဝမ်သန်း ၁၀၀ (ကန် ဒေါ်လာ ၈၉,၀၀၀ခန့်) လှူဒါန်းခဲ့ သည်။ ထို့အပြင် ၎င်းသည် မကြာ သေးမီက ဆိုးလ်အမျိုးသားတက္က သိုလ်၏ ကလေးဆေးရုံသို့လည်း ဝမ်သန်း ၅၀ (ကန်ဒေါ်လာ ၄၄,၅၀၀ ခန့်)လှူဒါန်းခဲ့သည်။

ရှင်မင်အာသည် နိုဝင်ဘာ ၁၆ ရက်တွင် KBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် Oh My Venus ဒရာမာဇာတ်လမ်းတွဲသစ် ဖြင့် ပရိသတ်ရှေ့မှောက်သို့ ပြန် လည်ရောက်ရှိမည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top