အဆိုတော် ရီဟားနားသည် ၎င်း၏လက်ရှိ ချစ်သူ ထရာဗစ်စကော့ထ်ကို မိသားစုနှင့်မိတ်ဆက်ပေးရန် စီစဉ်နေသည်ဟု The Sun သတင်းစာကဖော်ပြသည်။
ရီဟားနားသည် ထရာဗစ် စကော့ထ်ကို ၎င်း၏မိသားစုနှင့် မိတ်ဆက်ပေးရန် ကာရစ်ဘီယံ ဒေသသို့ သွားရောက်ရန် စီစဉ်နေ သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ ရီဟားနားသည် ရည်း စားဟောင်းလူးဝစ်ဟာမီလ်တန် ကိုလည်း မိသားစုနှင့် တွေ့ဆုံ မိတ်ဆက်ပေးခဲ့သည်ဟု သိရ သည်။
ထရာဗစ်စကော့ထ်သည် သမီးဖြစ်သူကို အလွန်အကာ အကွယ်ပေးသော ရီဟားနား၏ မိခင်နှင့် တွေ့ဆုံရလိမ့်မည်ဟု အဆိုပါသတင်းရင်းမြစ်ကပြော သည်။ ‘‘ရီဟားနားဟာ ထရာဗစ်ကို တကယ်သဘောကျနေတာပါ။ ဒီတစ်ခါက လူးဝစ်နဲ့အချစ်ဇာတ် လမ်းနဲ့မတူ လုံးဝကွဲပြားပါတယ်။ ခရစ်ဘရောင်းနဲ့ ဇာတ်လမ်းပြီး သွားတဲ့နောက်မှာဒီတစ်ခါ ရီဟားနားရဲ့ အလေးအနက်အထားဆုံး ပတ်သက်မှုဖြစ်တယ်လို့ ရီဟားနားသူငယ်ချင်းတွေ ယူဆပါ တယ်’’ဟု အဆိုပါသတင်းရင်းမြစ်ကဆိုသည်။
ရီဟားနားသည် အောက်တို ဘာ ၃ ရက်နေ့ညတွင် Vogue မဂ္ဂဇင်း ပါရီဖက်ရှင်သီတင်းပတ် ပါတီပွဲသို့ တက်ရောက်ခဲ့သည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ချစ်သူကို မိခင်ဖြစ်သူနဲ့တွေ့ပေးဖို့ စီစဉ်နေတဲ့ ရီဟားနား
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။